ထောပတ်သီးနဲ့ ငှက်ပျောသီးကိုရောပြီး တမူထူးခြားတဲ့အရသာလေးနဲ့ ပိုပြီးသောက်လို့ကောင်းသွားစေမယ့် အရသာရှိရှိ သဘာဝ Smoothie ကောင်းတစ်ခွက် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ Blender ရှိရုံနဲ့တင် လွယ်လွယ်ကူကူပြုလုပ်နိုင်ပါတယ်။

ပထမဆုံးအနေနဲ့ Blender ထဲကို ငှက်ပျောသီး – တစ်လုံး ပိုင်းပြီးထည့်ပေးပါ။ သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း ထည့်ပေးပါ။ ထောပတ်သီး – တစ်လုံးကို အတုံးလေးတွေတုံးပြီး ထည့်ပေးပါ။ နွားနို့ – ခွက်တစ်ဝက်စာကိုလည်း ထည့်ပြီးမွှေပေးပါ။

မွှေပြီးသွားတာနဲ့ ကိုယ်သောက်မယ့်ခွက်ထဲထည့်ပြီး သောက်သုံးနိုင်ပါပြီ။

Photo Source: www.piyaskitchen.com