ကိတ်မုန့် ကြိုက်နှစ်သက်သူတွေအတွက်ရော ထောပတ်သီးချစ်သူတွေအတွက်ပါ အကြိုက်တွေ့သွားစေမယ့် ထောပတ်သီးကိတ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ်သီးမှည့် ၁ လုံး (သို့) ၁ လုံးခွဲ
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း နှင့် ဆား အနည်းငယ်

  • ကြက်ဥ ၄ လုံး
  • ဂျုံမှုန့် ၃၅၀ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • အယ်လ်မွန်စေ့ စားပွဲတင်ဇွန်း ၈ ဇွန်း
  • နွားနို့ စားပွဲတင်ဇွန်း ၃ ဇွန်းခွဲ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ထောပတ်သီးကို ထက်ခြမ်း ခြမ်းပြီးနောက် ထောပတ်သားများကို ပန်းကန်လုံးထဲသို့ ခပ်ထည့်ထားပါ။ ထို့နောက် သံပုယိုရည်ဖြင့် ရောနှောကာ အနှစ်များဖြစ်သွားအောင် ချေလိုက်ပါ။ ထောပတ်၊ သကြား၊ ဗနီလာနှင့် ဆားတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ထို့နောက် ကြက်ဥ ၄ လုံးကို တစ်လုံးချင်းစီ ဖောက်ထည့်ကာ သမအောင် ထပ်မွှေပါ။ ထို့နောက် ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါနှင့် အယ်လ်မွန်စေ့တို့ ပေါင်းထည့်ကာ သမအောင် မွှေပါ။ ထို့နောက် နွားနို့ ထည့်ကာ သမအောင် မွှေပါ။

၄။ ကိတ်မုန့်ဖုတ်မယ့် ဇောက်နက်သော လင်ဗန်းကို ဆီသုတ်ထားပါ။ ထို့နောက် ဂျုံမှုန့် အနည်းငယ် ဖြူးထားပါ။ ပြီးရင်တော့ ထောပတ်အနှစ်များကို ထိုလင်ဗန်းထဲ ထည့်ကာ မျက်နှာပြင် ညီညာအောင် ညှိပါ။

ထို့နောက် Oven ထဲတွင် မိနစ် ၆၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်အောင် ဖုတ်ပြီးတဲ့နောက်မှာတော့ ကိတ်မုန့်ထဲသို့ သွားကြားထိုးတံလေး ထည့်ကာ စမ်းကြည့်ပါ။

သွားကြားထိုးတံက ပေကျံမနေဘူးဆိုရင်တော့ သင့်ရဲ့ကိတ်မုန့်လေးက စားသုံးရန်အဆင်သင့်ဖြစ်နေပါပြီ။

အအေးခံပြီးတဲ့နောက်မှာ ကိတ်မုန့်လေးကို မိမိကြိုက်နှစ်သက်ရာ သစ်သီးများဖြင့် အလှဆင်ကာ အားရပါးရ သုံးဆောင်နိုင်ပါပြီ။

Source: Baketotheroots.de