အားလုံးပဲ မင်္ဂလာပါ အချိုပွဲ ကြိုက်နှစ်သက်သူများအတွက် ထောပတ်သီးနှင့် ချောကလက်တို့ဖြင့် ပြုလုပ်ထားတဲ့ Mousse အချိုပွဲ ပြုလုပ်နည်းလေး ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ်သီးမှည့် ၂ လုံး
  • ချောကလက် စားပွဲတင်ဇွန်း ၄ ဇွန်းခန့်
  • ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်းခန့်
  • နွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဆား အနည်းငယ်
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ထောပတ်သီးကို ထက်ခြမ်း ခြမ်းပြီးနောက် အစေ့ထုတ်လိုက်ပါ။ ထို့နောက် ထောပတ်သားများကို ဇွန်းဖြင့် ခပ်ယူလိုက်ပါ။

၂။ သစ်သီးဖျော်စက်ထဲသို့ ထောပတ်သီး၊ ချောကလက်၊ ကိုးကိုးမှုန့်၊ နွားနို့၊ ဗနီလာ၊ ဆားနှင့် ပျားရည်တို့ထည့်ကာ အနှစ်များ ဖြစ်သွားသည်အထိ ဖျော်စက်ဖြင့် မွှေပေးလိုက်ပါ။

၃။ ရရှိလာတဲ့ သစ်သီး ချောကလက်အနှစ်များကို ပူတင်းခွက် (သို့) ပန်းကန်လုံးအသေး ၄ လုံးထဲသို့ အညီအမျှ ခွဲထည့်လိုက်ပါ။

၄။ ထို့နောက် ရေခဲသေတ္တာထဲတွင် တစ်နာရီခန့် အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိပြီး ထမင်းစားပြီးချိန်တိုင်းမှာ အချိုတည်းနိုင်တဲ့ ထောပတ်သီး ချောက်ကလက် Mousse အချိုပွဲလေး ရရှိသွားပါပြီ။ ခရင်မ်အနည်းငယ်နှင့် ချောကလက် အနည်းငယ်ထည့်ကာ အလှဆင်နိုင်ပါသေးတယ်။

Source: Cravinghomecooked.com