(Unicode)

ထမင်းစားပြီးတဲ့အခါတိုင်းမှာ တစ်ခုခု ထပ်စားချင်နေသလို စိတ်ဆန္ဒဖြစ်မိတယ်ဆိုတာ တကယ်တော့ သင် ဗိုက်မဝသေးတာမဟုတ်ပါဘူး။ အချိုပွဲတစ်ခုခု ထပ်စားဖို့ တောင့်တနေတာပဲဖြစ်ပါတယ်။

အရသာရှိတဲ့ အချိုပွဲတစ်ခု လုပ်စားချင်တယ်ဆိုရင်တော့ ထောပတ်သီး ချောကလက် အချိုပွဲသာ လုပ်စားကြည့်လိုက်ပါ။ ပြုလုပ်ရလွယ်ကူပြီး ပါဝင်ပစ္စည်းများကိုလည်း စူပါမားကတ်တွေမှာ အလွယ်တကူရှာဝယ်နိုင်တဲ့အတွက်ကြောင့် အချိုပွဲကြိုက်နှစ်သက်သူများအတွက် အံကိုက်ပဲပေါ့။

ပါဝင်ပစ္စည်းများ

  • ထောပတ်သီးမှည့် ၂ လုံး
  • ကိုးကိုးမှုန့် ၃၀ ဂရမ်
  • အုန်းနို့ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • Vanilla Extract လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ငှက်ပျောသီး တစ်ဝက်
  • ချောကလက် လက်ဖက်ရည်ဇွန်း ၄ ဇွန်းခန့်
  • ရက်စ်ဘယ်ရီသီး (သို့) စတော်ဘယ်ရီသီး ၁၂၃ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ထောပတ်သီး၊ ကိုးကိုးမှုန့်၊ အုန်းနို့၊ ပျားရည်၊ ငှက်ပျောသီးနှင့် Vanilla တို့ကို သစ်သီးဖျော်စက်ထဲထည့်ကာ အနှစ်များရရှိလာသည်အထိ မွှေပေးလိုက်ပါ။

၂။ ဖျော်စက်နံရံမှာ ကပ်နေတဲ့ အနှစ်များကို ဇွန်းဖြင့် အတွင်းထဲသို့ ခြစ်ချပြီးနောက် ထပ်မွှေပေးရပါမယ်။

၃။ ထို့နောက် ရရှိလာတဲ့အနှစ်များကို ပန်းကန်လုံးထဲသို့ ပြောင်းထည့်ပြီးနောက် အဖုံးဖုံးထားကာ ရေခဲသေတ္တာထဲတွင် တစ်နာရီခန့် ထည့်ထားရပါမယ်။

၄။ ထောပတ် ချောကလက်အနှစ်များက လုံးဝအေးခဲသွားပြီဆိုရင်တော့ ရေခဲသေတ္တာထဲက ထုတ်ကာ ချောကလက်အတုံးအခဲလေးများဖြူးထည့်ပြီးနောက် စတော်ဘယ်ရီသီး (သို့) ရက်စ်ဘယ်ရီးသီးများ နှစ်ထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Goodlivingguide.com

(Zawgyi)

ထမင္းစားၿပီးတဲ့အခါတိုင္းမွာ တစ္ခုခု ထပ္စားခ်င္ေနသလို စိတ္ဆႏၵျဖစ္မိတယ္ဆိုတာ တကယ္ေတာ့ သင္ ဗိုက္မဝေသးတာမဟုတ္ပါဘူး။ အခ်ိဳပြဲတစ္ခုခု ထပ္စားဖို႔ ေတာင့္တေနတာပဲျဖစ္ပါတယ္။

အရသာရွိတဲ့ အခ်ိဳပြဲတစ္ခု လုပ္စားခ်င္တယ္ဆိုရင္ေတာ့ ေထာပတ္သီး ေခ်ာကလက္ အခ်ိဳပြဲသာ လုပ္စားၾကည့္လိုက္ပါ။ ျပဳလုပ္ရလြယ္ကူၿပီး ပါဝင္ပစၥည္းမ်ားကိုလည္း စူပါမားကတ္ေတြမွာ အလြယ္တကူရွာဝယ္ႏိုင္တဲ့အတြက္ေၾကာင့္ အခ်ိဳပြဲႀကိဳက္ႏွစ္သက္သူမ်ားအတြက္ အံကိုက္ပဲေပါ့။

ပါဝင္ပစၥည္းမ်ား

  • ေထာပတ္သီးမွည့္ ၂ လံုး
  • ကိုးကိုးမႈန္႔ ၃၀ ဂရမ္
  • အုန္းႏို႔ စားပြဲတင္ဇြန္း ၃ ဇြန္း
  • ပ်ားရည္ စားပြဲတင္ဇြန္း ၃ ဇြန္း
  • Vanilla Extract လက္ဖက္ရည္ဇြန္း ၁ ဇြန္း

  • ငွက္ေပ်ာသီး တစ္ဝက္
  • ေခ်ာကလက္ လက္ဖက္ရည္ဇြန္း ၄ ဇြန္းခန္႔
  • ရက္စ္ဘယ္ရီသီး (သို႔) စေတာ္ဘယ္ရီသီး ၁၂၃ ဂရမ္

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ေထာပတ္သီး၊ ကိုးကိုးမႈန္႔၊ အုန္းႏို႔၊ ပ်ားရည္၊ ငွက္ေပ်ာသီးႏွင့္ Vanilla တို႔ကို သစ္သီးေဖ်ာ္စက္ထဲထည့္ကာ အႏွစ္မ်ားရရွိလာသည္အထိ ေမႊေပးလိုက္ပါ။

၂။ ေဖ်ာ္စက္နံရံမွာ ကပ္ေနတဲ့ အႏွစ္မ်ားကို ဇြန္းျဖင့္ အတြင္းထဲသုိ႔ ျခစ္ခ်ၿပီးေနာက္ ထပ္ေမႊေပးရပါမယ္။

၃။ ထို႔ေနာက္ ရရွိလာတဲ့အႏွစ္မ်ားကို ပန္းကန္လံုးထဲသို႔ ေျပာင္းထည့္ၿပီးေနာက္ အဖံုးဖံုးထားကာ ေရခဲေသတၲာထဲတြင္ တစ္နာရီခန္႔ ထည့္ထားရပါမယ္။

၄။ ေထာပတ္ ေခ်ာကလက္အႏွစ္မ်ားက လံုးဝေအးခဲသြားၿပီဆိုရင္ေတာ့ ေရခဲေသတၲာထဲက ထုတ္ကာ ေခ်ာကလက္အတံုးအခဲေလးမ်ားျဖဴးထည့္ၿပီးေနာက္ စေတာ္ဘယ္ရီသီး (သို႔) ရက္စ္ဘယ္ရီးသီးမ်ား ႏွစ္ထည့္ကာ အရသာရွိရွိ သံုးေဆာင္ႏိုင္ပါၿပီ။

Source: Goodlivingguide.com