အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ထောပတ်သီးနဲ့၊ အသီးအရွက်အစုံထည့်ပြီး ကြော်စားရအောင်ပါ။
ပါဝင်ပစ္စည်း
- ထောပတ်သီး ၃ လုံး အခွံနွှာပြီး အစေ့ထုတ်ထားပါ။
- ခရမ်းချဉ်သီး အလတ် ၁ လုံး အတုံးလေးတွေ လှီးထားပါ
- ခရမ်းချဉ်းသီးအခြောက် ၅ လုံး တောက်တောက်စဉ်းပါ။
- နံနံပင်အနည်းငယ်
- ကြက်သွန်နီ ၁ လုံး အတုံးလေးတွေ လှီးပါ
- သံပုရာသီး ၁လုံးအရည်ညှစ်ပါ
- ဆား ၊ ငရုတ်ကောင်း
- ကြက်ဥလိပ်အရွက် ၂၀ ရွက်
- ကြက်ဥ၁ လုံး (ခလောက်ထားပါ)
- ဆီ
ပြုလုပ်နည်း
အရင်ဆုံးထောပတ်သီး ၂ လုံးကို ပြဲအောင်လုပ်ပါ။ ကျန်တဲ့ ၁ လုံးကို အတုံးလေးတွေလှီးလိုက်ပါ။ ပြီးရင် ခရမ်းချဉ်သီးထည့်ပြီးမွှေလိုက်ပါ။ ခရမ်းချဉ်သီးအခြောက်လည်းထည့်ပါ။ ကြက်သွန်နီ၊ နံနံပင် ၊ သံပုရာသီးအရည်ညှစ်၊ဆားနဲ့ ငရုတ်ကောင်းမှုန့်ထည့်လိုက်ပါ။
အဲဒီနောက် ကြက်ဥလိပ်တဲ့ဖက်တဲ့ အစာပလာတွေထည့်ပြီးလိပ်ပေးပါ။
ပြီးရင်တော့ ကြက်ဥခလောက်ထားတာကို ဖက်ရဲ့ ထောင့်လေးတွေမှာတို့ပေးလိုက်ပြီး လိပ်ပေးပါ။
ပြီးရင်တော့ ဆီပူပူနဲ့ထည့်ကြော်လိုက်ပါ။
မိမိနှစ်သက်တဲ့ဆော့စ်နဲ့ သုံးဆောင်နိုင်ပါတယ်နော်။
Source: thewoksoflife.com