ဦးနှောက်စွမ်းဆောင်ရည် မြင့်မားနိုင်ဖို့အတွက် အဓိကအရေးအကြီးဆုံးအချက် (၂) ချက်ကတော့ အိပ်ရေးဝဝ အိပ်စက်အနားယူခြင်းနဲ့ မနက်စာ စားခြင်းတို့ပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျော့ချချင်တယ်ဆိုရင်တောင်မှ မနက်စာကို မဖြစ်မနေစားသုံးသင့်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့မနက်စာ စားသုံးချင်သူများအတွက်ရော ဆင်းဒဝှဒ်ချ် ကြိုက်နှစ်သက်သူများအတွက်ပါ မနက်စောစောစီးစီးမှာ အလွယ်တကူပြုလုပ်လို့ရတဲ့ ထောပတ်သီး ကြက်ဥဆင်းဒဝှဒ်ချ် ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥပြုတ် ၅ လုံး (အခွံခွာပြီး လေးစိပ်စိတ်ထားပါ)
  • မကျက်တကျက်ပြုတ်ထားသော ကြက်ဥပြုတ် ၂ လုံး (ထက်ခြမ်း ခြမ်းထားပါ)
  • ထောပတ်သီးမှည့် ၁ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • မိရောနိစ် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

  • ပေါင်မုန့် ၈ ချပ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥပြုတ် ၅ လုံး၊ ထောပတ်သီးနှင့် မိရောနိစ်တို့ကို ဖျော်စက်ထဲထည့်ပြီး အနှစ်များရလာသည်အထိ ဖျော်လိုက်ပါ။

၂။ ရရှိလာတဲ့ ထောပတ် ကြက်ဥအနှစ်များကို ပန်းကန်လုံးထဲထည့်ပြီး နောက် ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် ရောနယ်ပါ။

၃။ မကျက်တကျက်ပြုတ်ထားသော ကြက်ဥပြုတ် တစ်ခြမ်းကို ပေါင်မုန့်တစ်ချပ်ပေါ် တင်လိုက်ပါ။ ထို့နောက် ထောပတ်သီး ကြက်ဥအနှစ်များ သုတ်လိမ်းပေးလိုက်ပါ။

ထို့နောက် အခြားပေါင်မုန့်တစ်ချပ်ဖြင့် အုပ်လိုက်ပါ။

၄။ ကျန်ရှိနေတဲ့ ပေါင်မုန့်ချပ်များ၊ ကြက်ဥပြုတ်များနဲ့ ထောပတ်သီးအနှစ်များ ကုန်သွားသည်အထိ သုတ်ပေးလိုက်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ထောပတ်သီး ကြက်ဥဆင်းဒဝှစ်ချ်လေးများ ရရှိသွားပါပြီ။

နွားနို့ပူပူလေး (သို့) ကော်ဖီ၊ အအေးတို့ဖြင့် အင်မတန်မှလိုက်ဖက်တဲ့ မနက်စာလေးပါပဲ။

Source: Kirbiecravings.com