လွယ်ကူ ရိုးရှင်းပြီး အရသာရှိတဲ့ ထောပတ်သီး Salad လေး လုပ်စားရအောင်။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး ၂ လုံး (တောက်တောက်စဉ်းထားပါ)
  • ထောပတ်သီး အမှည့် ၂ လုံး (အခွံခွာပြီး တောက်တောက်စဉ်ထားပါ)
  • ကြက်သွန်နီ ၁ လုံး (တောက်တောက်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၁ စိတ် (ညက်ညက်ထောင်းထားပါ)
  • နံနံပင် ၄ မျှင် (တောက်တောက်စဉ်းထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • Feta Cheese ၄ အောင်စ
  • ဆား
  • ငရုတ်ကောင်း
  • သံပုရာသီး

ပြုလုပ်နည်း

ခွက် တစ်ခွက်ထဲမှာ ခရမ်းချဉ်သီး၊ ထောပတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ရောနယ်ပြီး ညင်သာစွာ မွှေပါ။ အနံ့လေး ပိုမွှေးအောင် သံပုရာသီးလေး နည်းနည်းညှစ်ပါ။

နံနံပင်ထည့်ပါ။ သံလွင်ဆီနဲ့ ရှာလကာရည်ထည့်ပြီး ညင်သာစွာ မွှေပါ။ Feta Cheeseထည့်ပါ။ အရသာမြည်းပြီး ဆားနဲ့ ငရုတ်ကောင်း အနည်းငယ်ထည့်ပါ။

၁ နာရီလောက် ရေခဲသေတ္တာထဲထည့်ထားပါ။ Tortilla ဂျုံပြားနဲ့လည်း ရောစားလို့လည်းရပါတယ်။

Source: AllReceipes