ရေခဲချောင်းချစ်သူတို့ရေ … မင်္ဂလာပါနော်။ မိမိအိမ်မှာ ရေခဲချောင်းပုံစံခွက်လေးလည်း ရှိတယ်။ ထောပတ်သီးမှည့်၊ နို့ဆီ၊ နွားနို့ စတဲ့ ပါဝင်ပစ္စည်း (၃) မျိုးလည်း ရှိတယ်ဆိုရင်တော့ အရသာရှိတဲ့ ထောပတ်သီးရေခဲချောင်းလေးကို အလွယ်တကူ လုပ်စားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ်သီးမှည့် ၁ လုံးနှင့် တစ်ဝက်
  • နို့ဆီ ၁ ဘူး
  • အဆီထုတ်ထားပြီးသား နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ထောပတ်သီးများကို ထက်ခြမ်းခြမ်းပြီးနောက် အထဲက ထောပတ်သားများကို ခပ်ထုတ်ထားပါ။

၂။ ထို့နောက် သစ်သီးဖျော်စက်ထဲသို့ ထောပတ်သား၊ နို့ဆီနှင့် နွားနို့တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

Source: Fashercise.com

၃။ ရရှိလာတဲ့ ထောပတ်နှစ်များကို ရေခဲချောင်း ပုံစံခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် ရေခဲချောင်း တုတ်တံများကို အလယ်တည့်တည့်တွင် ထိုးစိုက်ပြီးနောက် ရေခဲသေတ္တာထဲတွင် တစ်ညတာခန့် ထည့်ကာ အအေးခံထားလိုက်ပါ။

၄။ တစ်ညခန့် ထည့်ထားပြီးပြီဆိုရင်တော့ ထောပတ်သီး ရေခဲချောင်းလေးများ ရရှိသွားပါပြီ။

ထိုရေခဲချောင်းများကို ပုံစံခွက်ထဲကနေ ဆွဲထုတ်ချင်တယ်ဆိုရင်တော့ ထိုပုံစံခွက်ကို ရေထဲတွင် ၃ မိနစ်ခန့် ထည့်စိမ်ထားပေးလိုက်ပါ။

ဒါဆိုရင်တော့ ရေခဲချောင်းများကို ပုံစံခွက်ထဲကနေ အလွယ်တကူ ဆွဲထုတ်လို့ရပါပြီ။

ထောပတ်သီး ရေခဲချောင်း လုပ်နည်းလေးကို သိသွားပြီဆိုတော့ အခြားသစ်သီးရေခဲချောင်း ပြုလုပ်ချင်တယ်ဆိုလည်း အလွယ်လေး ပြုလုပ်လို့ရပါတယ်။ ထောပတ်သီးအစား ငှက်ပျောသီး၊ ပန်းသီး၊ စတော်ဘယ်ရီသီး စတဲ့ မိမိကြိုက်နှစ်သက်ရာ သစ်သီးလေးများကို အစားထိုးအသုံးပြုလိုက်ပါ။

Source: Kirbiecravings.com