သဘာဝသစ်သီးဖျော်ရည်များကို သောက်သုံးခြင်းက ဂတ်စ်ပါဝင်သော ဆိုဒါအချိုရည်များကို သောက်သုံးခြင်းထက် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်။ ဆိုဒါအချိုရည်များမှာ ဓာတုဆိုးဆေးများ ပါဝင်နေတဲ့အပြင် ကိုယ်အလေးချိန်တက်စေတဲ့ ကယ်လိုရီပမာဏလည်း အများအပြားပါဝင်ပါတယ်။

စာဖတ်သူတို့အနေနဲ့ အချိုရည်သောက်ရတာလည်း ကြိုက်တယ် တစ်ချိန်တည်းမှာပဲ ဝိတ်ချချင်တယ်ဆိုရင်တော့ သဘာဝသစ်သီးဖျော်ရည်များကိုသာ မှန်မှန်သောက်သုံးသင့်ပါတယ်။ ဘယ်လိုဖျော်ရည်မျိုးလဲဆိုတော့ ခန္ဓာကိုယ်တွင်းရှိ အဆီပိုများကို ဖယ်ရှားပေးမယ့် ထောပတ်သီးနှင့် သရက်သီး Smoothie ဖျော်ရည်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ်သီးမှည့် ၁ လုံး
  • သရက်သီးမှည့် ၂ လုံး (အတုံးငယ်များ တုံးထားပြီးနောက် ခဲနေအောင် အအေးခံထားပါ)
  • လိမ္မော်ရည် ဖန်ခွက် တစ်ခွက်စာ (စားပွဲတင်ဇွန်း ၁၆ ဇွန်း)

(လိမ္မော်ရည် မရှိပါက ရိုးရိုးရေ အစားထိုးအသုံးပြုနိုင်ပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ သရက်သီးကို အခွံခွာပြီးနောက် အတုံးငယ်များ တုံးထားပါ။ ထို့နောက် အေးခဲနေအောင် ရေခဲသေတ္တာထဲတွင် ထည့်ပြီး အအေးခံထားလိုက်ပါ။

၂။ သရက်သီးက အေးခဲသွားပြီဆိုရင်တော့ ထောပတ်သီးကို ထက်ခြမ်းခြမ်းပြီးနောက် ထောပတ်သီးအစေ့ကို ဖယ်ရှားလိုက်ပါ။ ထို့နောက် ထောပတ်သားများကို ဇွန်းဖြင့် အသာအယာခပ်ထုတ်လိုက်ပါ။

၃။ ပါဝင်ပစ္စည်းများ ဖြစ်ကြသော သရက်သီး၊ ထောပတ်သီးနှင့် လိမ္မော်ရည်တို့ကို သစ်သီးဖျော်စက်ထဲ ထည့်ကာ သမအောင် ဖျော်ပေးလိုက်ပါ။

၄။ ရရှိလာတဲ့ သစ်သီးဖျော်ရည်အနှစ်များကို အသင့်ပြင်ဆင်ထားသော ဖန်ခွက်ထဲ ထည့်ပြီးသွားတဲ့အခါမှာတော့ ခန္ဓာကိုယ်တွင်းရှိ အဆီပိုများကို ဖယ်ရှားပေးနိုင်တဲ့ ထောပတ်သီးနှင် သရက်သီး Smoothie ဖျော်ရည်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com