အားလုံးပဲ မင်္ဂလာပါ။ အာလူးချစ်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အာလူးသုပ်နည်းလေးကတော့ ထောပတ်သီးနဲ့ ရောသုပ်ထားတဲ့ အာလူးသုပ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ ပေါင် (ရေဆေးပြီး အခွံခွာထားပါ)
  • ထောပတ်သီးမှည့် ၃ လုံး
  • သခွားသီး ၁ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • သံပုရာသီး တစ်ခြမ်း (အရည်ညှစ်ထားပါ)
  • နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အိုးတစ်လုံးထဲ ထည့်ပါ။ အာလူးများ မြှုပ်သွားသည်အထိ ရေဖြည့်လိုက်ပါ။ ထို့နောက် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ပြုတ်လိုက်ပါ။ အာလူးများ နူးအိသွားလားဆိုတာကို ခက်ရင်းဖြင့် ထိုးဆွပေးနိုင်ပါတယ်။

၂။ ထောပတ်သီးများကို ထက်ခြမ်းခြမ်းပြီးနောက် ထောပတ်သီးအသားများကို ဇွန်းဖြင့် ခြစ်ထုတ်ပါ။ ထို့နောက် ခက်ရင်းဖြင့် ထောပတ်နှစ်များရအောင် ချေမွလိုက်ပါ။

၃။ အာလူးများ ပြုတ်ပြီးသွားတဲ့အခါ ရေအေးထဲထည့်ပြီး အအေးခံပါ။ ထို့နောက် လေးထောင့်အတုံးငယ်များ တုံးလိုက်ပါ။

၄။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် အာလူး၊ ထောပတ်၊ သခွားသီး၊ နံနံပင်တို့ထည့်ပါ။ သံပုရာရည် လောင်းထည့်ပြီးနောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ဖြူးထည့်လိုက်ပါ။ ထို့နောက် ဇွန်းဖြင့် သမအောင် နယ်လိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ လိုအပ်ပါက ဆားအနည်းငယ်၊ သံပုရာရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ထောပတ်သီး အာလူးသုပ်လေး ရရှိသွားပါပြီ။

Source: Kirbiecravings.com