နာမည်ကြားလိုက်တာနဲ့ ဘယ်လိုဟင်းလျာမျိုးပါလိမ့်၊ ဘယ်လိုတွေချက်ရမှာပါလိမ့်ဆိုပြီး မေးခွန်းတွေ ခေါင်းထဲရောက်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း ထင်သလောက်မခက်ဘဲ အရသာအလွန်ရှိတဲ့ ဟင်းလျာလေးမို့ တခါလောက်တော့ အချိန်ပေးပြီး ချက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အာလူးကြော်စားတဲ့အခါမှာ တွဲဖက်ပြီးစားသုံးပေးမယ်ဆိုရင် ပိုပြီး အရသာရှိမှာ အသေအချာပါ။

ပါဝင်ပစ္စည်းများ

ထောပတ်သီး – ၂ လုံး (အခွံခွာ၊ အစေ့ထုတ်၊ လှီးပြီးသား)

သံပရာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း

ကြက်သွန်မြိတ် (အဖြူဖက်သာ) – ၁ ပင် (လှီးပြီးသား)

ကြက်သွန်ဖြူ – ၁ မြွှာ (ခြစ်ပြီးသား)

ဂျင်း – လက်ဖက်ရည်ဇွန်း ၁ ဝက်ခန့် (ခြစ်ပြီးသား)

Vanilla – ၁ ချောင်း (အလယ်မှ ထက်ဝက် ဝက်ပြီး အစေ့ထုတ်ပြီးသား)

သစ်ကြံပိုးခေါက်အမှုန့်

ချက်ပြုတ်ပုံနည်းလမ်း

ထောပတ်သီးတွေနဲ့ သံပရာရည်ကို ရောသမအောင် မွှေလိုက်ပါ။

ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ နှင့် Vanilla အစေ့အနည်းငယ်တို့ကိုထည့်မွှေပြီး ဆား၊ ငရုတ်ကောင်းတို့နဲ့ အရသာမြည်းပေးပါ။

သစ်ကြံပိုးခေါက်အမှုန့် အနည်းငယ်ဖြူးပေးပြီးရင် အာလူးကြော်များနဲ့ အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။