အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ထောပတ်သီးဖျော်ရည်လေး လုပ်သောက်ရအောင်နော်။
ပုလဲလုံးလေးတွေနဲ့ အရသာရှိတဲ့ ထောပတ်သီးဖျော်ရည်လေး ဘယ်လိုလုပ်လို့ရလဲဆိုတာ မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ပုလဲလုံး ခွက် တစ်ဝက်
- ရေခဲ ၁ ခွက်
- ထောပတ်သီးမှည့် ၁ လုံး
- ပင်စိမ်းရွက် ၉ ရွက်ခန့်
- သံပုရာသီး ၁ လုံး
- နို့ဆီ ခွက် တစ်ဝက် (သို့) မိမိနှစ်သက်သလောက်ချင့်ချိန်ထည့်ပါ။
- ရေ ၁ ခွက်
- သံပုရာသီး အခွံအနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံးရေကို ဆူအောင်တည်လိုက်ပြီး ပုလဲလုံးလေးတွေကို ပြုတ်လိုက်ပါ။ ပုလဲလုံးအိအိလေးဖြစ်လာပြီဆိုရင် ရေဆစ်ထားလိုက်ပါ။
အဲဒီနောက် ကြိတ်စက်ထဲမှာ ကျန်တဲ့ပါဝင်ပစ္စည်းတွေအကုန်ထည့်လိုက်ပြီး ကျိတ်လိုက်ပါ။
ခွက်ထဲမှာ ပုလဲလုံးလေးတွေနဲ့ ထောပတ်သီးဖျော်ရည်ထည့်လိုက်ပါ။ အဲဒီနောက် အပေါ်ကနေ သံပုရာသီး အခွံ အနည်းငယ်ကို အပေါ်ကနေ ဖြူးပေးလိုက်ပါ။
Source: thewoksoflife
By: MyFood Myanmar