အားလုံးပဲ မင်္ဂလာပါ။ အသီးဖျော်ရည်သောက်ရတာ ကြိုက်နှစ်သက်သူများအတွက် ထောပတ်သီး Smoothie ဖျော်ရည် ဖျော်သောက်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေခဲတုံး ၁၂၈ ဂရမ်
  • ထောပတ်သီး ၁ လုံး
  • ပူစီနံရွက် ၉ ရွက်
  • သံပုရာသီး ၁ လုံး
  • နို့ဆီ အနည်းငယ်

  • Tapioca Pearls ပန်းကန်လုံး တစ်ဝက်စာ
  • ရေ ၂၅၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ထောပတ်သီးကို အစေ့များ ခွာယူပြီးနောက် အတုံးငယ်များ တုံးထားလိုက်ပါ။ သံပုရာသီးကို အရည်ညှစ်ထားပြီးနောက် အခွံကိုလည်း ပါးပါးလှီးထားလိုက်ပါ။

၂။ အိုးတစ်လုံးထဲသို့ ရေအနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားလိုက်ပါ။ ထို့နောက် Tapioca Pearls လုံးများကို အညွှန်းထဲကအတိုင်း ပြုတ်ထားလိုက်ပါ။ ထိုအလုံးများ ပွလာပါက ပန်းကန်လုံးတစ်လုံးထဲသို့ ဆည်ယူထားလိုက်ပါ။

၃။ သစ်သီးဖျော်စက်ထဲသို့ ရေခဲတုံး၊ ထောပတ်သီး၊ ပူစီနံရွက်၊ သံပုယိုရည်၊ နို့ဆီနှင့် ရေတို့ထည့်ကာ အနှစ်များရအောင် မွှေထားလိုက်ပါ။

၄။ ဖန်ခွက်ထဲသို့ Tapioca Pearls လုံးများ အရင်ထည့်ထားလိုက်ပါ။ ထို့နောက် စောစောကမွှေထားသော ထောပတ်သီးဖျော်ရည်ကို ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် သံပုယိုသီးအခွံအနည်းငယ်ကို အပေါ်မှ ဖြူးထည့်ပေးရပါမယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထောပတ်သီး Smoothie ဖျော်ရည်လေး ရရှိသွားပါပြီ။

Source: Thewoksoflife.com