အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ထောပတ်သီးဖျော်ရည်လေး လုပ်သောက်ရအောင်နော်။

ပုလဲလုံးလေးတွေနဲ့ အရသာရှိတဲ့ ထောပတ်သီးဖျော်ရည်လေး ဘယ်လိုလုပ်လို့ရလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ပုလဲလုံး ခွက် တစ်ဝက်
  • ရေခဲ ၁ ခွက်
  • ထောပတ်သီးမှည့် ၁ လုံး
  • ပင်စိမ်းရွက် ၉ ရွက်ခန့်

  • သံပုရာသီး ၁ လုံး
  • နို့ဆီ ခွက် တစ်ဝက် (သို့) မိမိနှစ်သက်သလောက်ချင့်ချိန်ထည့်ပါ။
  • ရေ ၁ ခွက်
  • သံပုရာသီး အခွံအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံးရေကို ဆူအောင်တည်လိုက်ပြီး ပုလဲလုံးလေးတွေကို ပြုတ်လိုက်ပါ။ ပုလဲလုံးအိအိလေးဖြစ်လာပြီဆိုရင် ရေဆစ်ထားလိုက်ပါ။

အဲဒီနောက် ကြိတ်စက်ထဲမှာ ကျန်တဲ့ပါဝင်ပစ္စည်းတွေအကုန်ထည့်လိုက်ပြီး ကျိတ်လိုက်ပါ။

ခွက်ထဲမှာ ပုလဲလုံးလေးတွေနဲ့ ထောပတ်သီးဖျော်ရည်ထည့်လိုက်ပါ။ အဲဒီနောက် အပေါ်ကနေ သံပုရာသီး အခွံ အနည်းငယ်ကို အပေါ်ကနေ ဖြူးပေးလိုက်ပါ။

Source: thewoksoflife

By: MyFood Myanmar