ဗယာကြော် ကြွတ်ကြွတ်မွမွလေး ရဘို့ ခက်ခဲခဲ့တယ် ။ မထင်မှတ်ပဲ တိုဟူးကြိုဖို့ ကြိတ်ထားတဲ့ ကုလားပဲကြိတ်ဖတ် တွေကို ကုလားပဲ ရေစိမ်ကြိတ်နဲ့ ရောကြော်မိရာက စားကောင်းတဲ့ ဗယာကြော် ကြွတ်ကြွတ်လေး ရလာခဲ့တယ်။

ပါဝင်ပစ္စည်းများ

  • ကုလားပဲခြမ်း ၁/၂ Cup (၁၀၀ g)
  • ကြက်သွန်နီ ၂-၃ လုံး
  • ဆား ၁/၄ လက်ဘက်ရည်ဇွန်း
  • ဘိတ်ကင်းပေါင်ဒါ ၁/၂ လက်ဘက်ရည်ဇွန်း
  • နံနံပင် ၃ စားပွဲတင်ဇွန်း(မထူမပါးလှီးထားပါ)
  • ကုလားလေး မဆလာ ၁ စားပွဲတင်ဇွန်း
  • ငရုတ်သီးစိမ်း ၄-၈ တောင့် ( အစပ်မကြိုက်လျှင်လျှော့ထည့်ပါ)
  • နနွင်းမှုန့်
  • ကြော်ရန်ဆီ လိုသလောက်

ကြော်နည်း

ကုလားပဲခြမ်းကို တစ်ညရေစိမ်ပါ။ ရေကုန်အောင် စစ်ထုတ်ပြီး ပဲကိုညက်အောင် ကြိတ်ပါ။ တဝက်စီခွဲပြီး ကျန်တစ်ဝက်ကို ပိတ်စိမ်းပါးထဲထည့်ပြီး ရေကုန်အောင်ညှစ်ချပါ၊

ကြက်သွန်နီကို မထူမပါးလှီးထားပါ။ ကြိတ်ထားတဲ့ ကုလားပဲထဲကို ဆား၊ ဘိတ်ကင်းပေါင်ဒါ ထည့်ပြီး မွှေပေးပါ။

ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ မဆလာတို့ထည့်နယ်ပြီးရင် ဆီပူပူတွင် ဗယာကြော် စကြော်လို့ရပါပြီ။ (အရောင်အတွက် နနွင်းမှုန့် ထည့်နိုင်ပါတယ်။)

ဗယာကြော်ကြော်တဲ့အခါ မီးသိပ်ပြင်းရင် အပြင်ဖက်ကျွမ်းသွားပြီး အတွင်းဖက် မကျက်ပဲဖြစ်ပါလိမ့်မည်။ မီးအားပျော့ရင် ဗယာကြော်က ဆီတွေစုပ်ထားပါလိမ့်မည်။

ပျဉ်းတော်သိမ်ရွက်ရနိုင်လျှင် ၅-၆ရွက်ခန့်ကို ခြွေလှီးပြီး ထည့်နိုင်ပါသည်။

Credit: Meemeetofu