ပါဝင်ပစ္စည်းများ
- ကြက်သား – ၃၀ ကျပ်သား (အနေတော် အတုံးလေးတွေလှီးထားပါ)
- ဘူးသီးနုနု – ၁ လုံး (အနေတော် အတုံးလေးတွေလှီးထားပါ)
- ခနောကြက်သားမှုန့် – ၁ စွန်း ခွဲ စားပွဲစွန်း (၁ စွန်း ကြက်သားနယ်ရန်)
- နံနံပင် – ၃ ပင် (ခပ်ကြမ်းကြမ်းလေး လှီးထားပါ)
- ရေသန့် – ၁ ခွက် ခွဲ (ဟင်းချက်ရန်တိုင်းသောခွက်)
- သစ်ကြပိုးမှှုန့် – ၁ စွန်း လက်ဖက်စွန်း
- ဆား – ၁/၃ ပုံ စွန်း လက်ဖက်စွန်း
ပြုလုပ်နည်း
- ဖန်ဇလုံးကြီးထဲ ခနောကြက်သားမှုန့် ၁ ဇွန်း၊ ဆား၊ သစ်ကြပိုးမှုန့် နှင့် ကြက်သားတုံးများ ကို ၁၅ မိနစ်လောက် နယ်နှပ်ထားပါ။
- အိုးကြီးထဲ ဆီ ထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ဟင်းအနှစ်လုပ်ရန် ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နွမ်းလာလျှင် ကြက်သားတုံးများထည့်ပြီး ၅-၈ မိနစ်လောက် တည်ပါ။ နှံ့အောင်မွှေပေးပါ။ ရေသန့်ထည့်ပြီး ဆူအောင်တည်ပါ။ အသားနူးအောင်တည်ပါ။ အသားနူးခံနည်း ဘူးသီးစိတ်များထည့်ပါ။
- မီးအနေတော် နှင့် တည်ပါ။ ခပ်ဖွဖွလေး မွှေပါ ဘူးသီးတုံးများ ပုံမပျက်အောင်။ အရေများများ နှင့်ချပါ။ ရေလိုလျှင် ရေအနည်းငယ်ထည့်ပါ။ ဆားမြည်းပါ၊ နံနံပင် ကလွဲလို့ ကျန်ပါဝင်ပစ္စည်းများထည့်ပါ။ လိုအပ်လျှင် ခနောကြက်သားမှုန့်ထပ်ထည့်နိုင်ပါတယ်။ မီးဖိုပေါ်က ချခံနည်းမှာ နံနံပင်အုပ်ပါ။ ပူပူလေး ထမင်းဖြင့် သုံးဆောင်လျှင်ပိုကောင်းပါတယ်။
ဟင်းအနှစ်လုပ်ရန်
ဆီ ၁ စွန်း ခွဲ စားပွဲစွန်း
- ကြက်သွန်ဖြူ – ၃ မွှာ (ထောင်းထားပါ)
- ကြက်သွန်နီ – ၃ လုံး (ထောင်းထားပါ)
- နနွင်းမှုန့် – တစ်ဝက် စွန်း လက်ဖက်စွန်း
- ငရုတ်သီးမှုန့် – ၁ စွန်း ခွဲ လက်ဖက်စွန်း
- ငံပြာရည် – တစ်ဝက် စွန်း စားပွဲစွန်း
- ဂျင်း – လက်တစ်ဆစ် (ထောင်းထားပါ)
Knorr