အားလုံးပဲမင်္ဂလာပါနော်။ ဆူရှီကို အရသာတစ်မျိုးလေးနဲ့ စားလို့ကောင်းအောင် ဝက်ပေါင်ခြောက်၊ သခွားသီးနဲ့ ထောပတ်သီးဆူရှီလိပ်နည်းကို မျှဝေပေးချင်ပါတယ်။ ဆူရှီကြိုက်ပြီးသား စာဖတ်သူတို့ကတော့ အကြိုက်တွေ့ပြီးသားဖြစ်မှာပါနော်။
ပါဝင်ပစ္စည်း
- ထမင်း
- နှမ်း
- ရေညှိချပ်
- ဝက်ပေါင်ခြောက်သား (ကျက်ပြီး)
- Mayonnaise အနည်းငယ်
- ထောပတ်သီး တလုံး (အခွံနွှာပြီး ပါးပါးလှီးပါ)
- သခွားသီး တလုံး (ပါးပါး လှီးပါ)
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ရှာလကာရည် အနည်းငယ်
- သကြားအနည်းငယ်
- ဆားအနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ထမင်းကို နှမ်း၊ ဆီနည်းနည်း၊ ဆားနဲ့ နယ်ပေးလိုက်ပါ။
ပြီးရင်တော့ ဆူရှီလိပ်တဲ့ ဝါးပေါ်မှာ ရေညှိ၊ ထမင်းတင်လိုက်ပါ။
ပြီးရင်တော့ ဝက်ပေါင်ခြောက်သား၊ Mayonnaise၊ ထောပတ်သီး၊ သခွားသီးတို့ကို တင်လိုက်ပါ။
ပြီးရင်တော့ ဆူရှီလိပ်ပေးလိုက်ပါ။ ရပြီဆိုရင် အတုံးသေးသေးလေးတွေလှီးပြီး သုံးဆောင်နိုင်ပါပြီ။
ပဲငံပြာရည်နဲ့ တို့ပြီး သုံးဆောင်နိုင်ပါတယ်နော်။
Source: www.mykoreankitchen.com
By: MyFood Myanmar