အိမ်ကကလေးလေးတွေ အဆာပြေစေားဖို့ အိမ်မှာမုန့်လုပ်ကျွေးချင်တဲ့ မေမေတွေအတွက် ဒီ Bacon Cheeseburger Bombs လေးက အဆင်ပြေမှာအသေချာပါ။
ပါဝင်ပစ္စည်းများ
- Pillsbury Biscuits 1 လုံး (ဘီစကွတ် 10 လုံး)
- နုပ်နုပ်စဥ်းထားတဲ့အမဲသား ၁ ပေါင်
- ကြက်သွန်နီ ၁/၂ လုံးကို ပါးပါးလှီးထားပါ။
- အရသာအတွက် Kosher ဆား
- အရသာအတွက် ငရုတ်ကောင်းမှုန့်
- ဘေကွန် ၃ ချပ်၊လှီးထားပါ။
- Cream Cheese 1/3 ခွက်
- ketchup 1 ဇွန်း
- Barbecue Sauce 2 ဇွန်း
- အဝါရောင်မုန်ညင်း 1 လက်ဖက်ရည်ဇွန်း
- Worcestershire ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- Cheddar Cheese 5 အောင်စ လှီးထားပါ။
ကြက်ဥ ၁ လုံး - နှမ်းနည်းနည်း
- Pickles ပါးပါးလှီးထားပါ။
ဒယ်အိုးကြီးတစ်ခုမှာ 375 F ဖြင့် မီးဖိုကိုအပူပေးကာ နုပ်နုပ်စဥ်းထားတဲ့အမဲသား၊ ဘေကွန်နဲ့ ကြက်သွန်နီတို့ကို တည်ထားပါ။ ဆား၊ ငရုတ်ကောင်းတို့နဲ့ ရောနယ်ပါ။ ပိုနေတဲ့ အဆီတွေကို ဖယ်ထုတ်ပါ။ Cheddar Cheese၊ ketchup ၊ Barbecue Sauce ၊ မုန်ညင်းနဲ့ Worcestershire ငံပြာရည်ထည့်ပါ။ Cream Cheese အရည်ပျော်တဲ့အထိ မီးအေးအေးနဲ့ မွှေပေးပါ။
Pillsbury Biscuits ကို ပါးပါးလေးဖြစ်အောင် လှိမ့်လိုက်ပါ ။ အမဲသားအရောအနှောကို စားပွဲတင်ဇွန်း 2 ဇွန်း ထည့်ပြီး Cheddar Cheese 1 တုံး ထည့်ပါ။ အမဲသား/ဒိန်ခဲ ကိုလုံအောင် အနားသတ်များကို တင်းတင်းကျပ်ကျပ် အုပ်လိုက်ပါ။
မုန့်လုံးတွေကို မုန့်ဖုတ်ဗန်းပေါ်မှာတင်းပြီး နှမ်းဖြူးလိုက်ပါ။ အပေါ်ကနေ ကြက်ဥအကာကို သုတ်ပေးပါ။
Oven ထဲထည့်ပြီး အပူကို 350 F နဲ့ ဖုတ်ပေးပါ။ 13 မိနစ် 16 မိနစ် သို့မဟုတ် ပါးပါးညိုလာတဲ့အထိ ဖုတ်ပါ။