ထောပတ်သီးနဲ့ ဝက်ပေါင်ခြောက်တို့က တကယ့်ကိုမှလိုက်ဖက်တဲ့ အစားအစာအတွဲအဖက်ဆိုတာ စာဖတ်သူတို့ သိပြီးကြပြီလား။

မသိသေးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ဝက်ပေါင်ခြောက်လိပ် ထောပတ်ချောင်းကြော် ပြုလုပ်နည်းလေးကို အတူတူလေ့လာကြည့်ရင်း အရသာရှိတဲ့ အစားအစာများ ဖန်တီးလိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဝက်ပေါင်ခြောက် အချပ် ၂၀ ခန့်
  • ထောပတ်သီးမှည့် ၁ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဝက်ပေါင်ခြောက်များ ထည့်ကာ ကျက်သွားသည်အထိ ကြော်ပါ။ ရရှိလာတဲ့ ဝက်ပေါင်ခြောက်ကြော်များကို ပန်းကန်ပြားထဲသို့ ဆယ်ယူထားပါ။

၂။ ထောပတ်သီးကို အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းထားပါ။ ထို့နောက် ထောပတ်သားများကို တစ်ခြမ်းလျှင် ငါးစိပ်စီ စိပ်ထားပါ။ ဒါဆိုရင် စုစုပေါင်း ထောပတ်ချောင်း ၁၀ ခု ရလာပါလိမ့်မယ်။

၄။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၅။ ထို့နောက် ဝက်ပေါင်ခြောက် တစ်ပြားကို ယူပြီး ထောပတ်ချောင်း တစ်ချောင်းဖြင့် ပတ်ထားလိုက်ပါ။

ပြီးရင်တော့ လင်ဗန်းပေါ် တင်ထားလိုက်ပါ။ ထို့နောက် ကြိုတင်အပူပေးထားသော Oven ထဲတွင် ၅ မိနစ်၊ ၁၀ မိနစ်ခန့် ထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ ဝက်ပေါင်ခြောက်လေးများက ကြွပ်ကြွပ်ရွရွလေး ဖြစ်သွားပါလိမ့်မယ်။ သတ်မှတ်ချိန်ပြည့်သွားပြီဆိုရင်တော့ အရသာရှိတဲ့ ဝက်ပေါင်ခြောက်လိပ် ထောပတ်ချောင်းကြော်များ ရရှိသွားပါပြီ။

Source: Kirbiecravings.com