(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ညစာအဖြစ် ထမင်းလည်း မစားချင်ဘူး။ ဗိုက်ပြည့်ပြီး အာဟာရရှိတဲ့အစားအစာတစ်ခုခု စားချင်တယ်ဆိုရင်တော့ ဝက်သားလိပ် ဘာဘီကျူးကြက်သားလေး လုပ်စားကြည့်လိုက်ပါ။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင် ၄ ပေါင်
- ဝက်သားပြား ၈ ပြား
- ဘာဘီကျူးဆော့စ် ၁၂၅ မီလီလီတာ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အကင်မီးဖိုကို မီးပြင်းပြင်းဖြင့် အပူပေးထားပါ။
၂။ ကြက်ပေါင် တစ်ပေါင်စီကို ဝက်သားပြား ၂ ပြားဖြင့် ပတ်ထားပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ထည့်ထားပေးလိုက်ပါ။
၃။ နောက်တစ်ဆင့်အနေနဲ့ ကြက်သားပေါ်သို့ ဘာဘီကျူးဆော့စ်လေး ဆမ်းပေးရမှာပဲဖြစ်ပါတယ်။
၄။ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အကင်မီးဖိုကို အလယ်အလတ်မီးအပူချိန်သို့ လျော့ချလိုက်ပြီးနောက် စောစောက ဘာဘီကျူး ဆမ်းထားသော ကြက်သားရဲ့မျက်နှာပြင်ကို အကင်မီးဖိုပေါ် တင်ကာ ကင်ပေးလိုက်ပါ။ ထို့နောက် ကြက်သားပေါ်သို့ ဘာဘီကျူးဆော့စ်လေး ထပ်ဆမ်းပေးလိုက်ပါ။
၅။ (၅) မိနစ်၊ (၁၀) မိနစ်ခန့် ကင်ပြီးတဲ့နောက်မှာ ကြက်သားကို တစ်ဖက်သို့ လှန်လိုက်ကာ နောက်ထပ် (၅) မိနစ်၊ (၁၀) မိနစ်ခန့် ထပ်ကင်ပေးရပါမယ်။
ထိုအဆင့်များ အားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ဝက်သားလိပ် ဘာဘီကျူးကြက်သားလေး ရရှိသွားပါပြီ။ အအေးနဲ့ တွဲသောက်မယ်ဆိုရင်တော့ အင်မတန်မှ လိုက်ဖက်မှုရှိပါတယ်။
Source: Getinspiredeveryday.com
(Zawgyi)
ပါဝင်ပစ္စည်းများ
- ကြက်ပေါင် ၄ ပေါင်
- ဝက်သားပြား ၈ ပြား