အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါ ဝေမျှပေးမယ့် ဟင်းချက်နည်းကတော့ အအေးနဲ့တွဲသောက်ပြီး စားမယ်ဆိုရင် အင်မတန်မှ လိုက်ဖက်ပြီး အရသာရှိတဲ့ ဝက်သားလိပ် ပုစွန်ကင်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သားပြား ၂ ပေါင်ခန့်
  • ခရင်ချိစ် ၄ အောင်စ
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂဏန်းသား ၄ အောင်စ

  • ပုစွန် ၂ ပေါင်ခန့်
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို အခွံခွာထားပြီးနောက် ရေဖြင့် စင်ကြယ်အောင် ဆေးကြောထားလိုက်ပါ။

၂။ Oven ကို ၄၁၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂဏန်းသားများကို ချေမွပေးလိုက်ပါ။ ထို့နောက် ခရင်မ်ချိစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် အချဉ်ဆော့စ်တို့ဖြင့် သမအောင် ရောမွှေထားလိုက်ပါ။

၄။ ထို့နောက် ပုစွန်များကို စောစောက ရောနယ်ထားသော ဂဏန်းအနှစ်များဖြင့် သုတ်လိမ်းပေးလိုက်ပါ။ ပြီးရင်တော့ ဝက်သားပြားဖြင့် ပတ်ထားလိုက်ပါ။

၅။ ပုစွန်များ အားလုံးကို ဝက်သားပြားဖြင့် ပတ်ပြီးသွားပြီဆိုရင်တော့ အကင်လင်ဗန်းပေါ် အစီအရီတင်ထားပြီးနောက် အချဉ်ရည် သုတ်လိမ်းပေးလိုက်ပါ။

ထို့နောက် Oven ထဲထည့်ကာ ၈ မိနစ်ခန့် ထည့်ကင်ပေးလိုက်ပါ။

အချိန်ပြည့်သွားပြီဆိုရင်တော့ အရသာရှိတဲ့ ဝက်သားလိပ် ပုစွန်ကင်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် တွဲဖက်စားသုံးပေးလိုက်ပါ။ အအေးနဲ့ တွဲသောက်မယ်ဆိုရင်လည်း အင်မတန်မှ လိုက်ဖက်ပါတယ်။

Source: Howtobbqright.com