အစားအသောက်ကြိုက်နှစ်သက်တဲ့ Foodies လေးတို့ရေ… မင်္ဂလာပါနော်။ ပိတ်ရက်လေးပဲဖြစ်ဖြစ်၊ အိမ်မှာအားနေတဲ့အချိန်လေးမှာ မီးဖိုချောင်ထဲဝင်ရင်း အရသာရှိတဲ့ ကြက်ဥအသားလိပ် ဝက်သားလုံးကြော်လေး မလုပ်စားချင်ကြဘူးလား။

ပါဝင်ပစ္စည်းများ

  • ကြက်ဥပြုတ် ၆ လုံး
  • ဝက်သား ၁ ပေါင်ခန့် (နုတ်နုတ်စင်းထားပါ)

  • ဝက်ဆားနယ်ပြား ၆ ပြား
  • ချိစ်အနည်းငယ်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဦးဆုံး Oven ကို အပူချိန် ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

နုတ်နုတ်စင်းထားသော ဝက်သားကို ဆား၊ ငရုတ်ကောင်းနဲ့ ချိစ်အနည်းငယ်ထည့်ပြီး သမအောင် နယ်ထားလိုက်ပါ (ချိစ်အကုန်မသုံးဘဲ အနည်းငယ် ချန်ထားပေးရပါဦးမယ်)။

ထို့နောက် နယ်ထားသော ဝက်သားကို အဝိုင်း (၆) ဝိုင်းရအောင် လက်ကလေးနဲ့ အသာအယာလုံးချေပြီး ဖြန့်ထားလိုက်ပါ။ ထိုဝက်သားပြားပေါ်သို့ ချိစ်အညီအမျှခွဲတင်ပေးပြီးနောက် ကြက်ဥပြုတ်တစ်လုံးစီတင်လိုက်ပါ။ ပြီးတဲ့အခါ အသားလုံးကြီးကြီးဖြစ်သွားအောင် လုံးလိုက်ပါ။

ဝက်ဆားနယ်ပြား ၆ ပြားနဲ့ လုံးထားသော ကြက်ဥ အသားလုံးများကို Oven ထဲတွင် မိနစ် ၃၀ ခန့် ထည့်ဖုတ်ထားလိုက်ပါ။ (တကယ်လို့ Oven ထဲ မထည့်ထားချင်ဘူး။ ကိုယ်တိုင်ကိုယ်ကျ ဒယ်အိုးလေးနဲ့ ကြော်ချင်တယ်ဆိုလည်း ရပါတယ်)

အချိန်ပြည့်ပါက မီးဖိုထဲကထုတ်ပြီး ခေတ္တခဏအအေးခံပြီးနောက် စားသုံးခါနီးကျမှ ကြက်ဥအသားလုံးကို ဝက်ဆားနယ်ပြားနဲ့ ပတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိပြီး စားလို့ကောင်းတဲ့ ကြက်ဥအသားလိပ် ဝက်သားလုံးကို သုံးဆောင်နိုင်ပါပြီ။

Source: Peaceloveandlowcarb.com