မနက်စာကို ထမင်းကြော်၊ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ ရှမ်းခေါက်ဆွဲ စတဲ့ အစားအစာများ စားသုံးတဲ့သူတွေ ရှိသလို ကိတ်မုန့်၊ ပေါင်မုန့်၊ စမူဆာ၊ အီကြာကွေး စတာတွေကို ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့ တွဲဖက်စားသုံးတဲ့သူတွေလည်း ရှိကြပါတယ်။

ဒီတစ်ခါ ဝေမျှပေးချင်တဲ့ အစားအစာပြုလုပ်နည်းကတော့ ကြက်သားအစာသွပ် စမူဆာပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။ အစားအသောက်များကို ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ရတာ ဝါသနာပါသူများ အကြိုက်တွေ့မယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမုန့် ပန်းကန်လုံး တစ်လုံးနဲ့ တစ်ဝက်ခန့်
  • ရေ ဖန်ခွက် တစ်ဝက်ခန့်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
  • ထောပတ် စားပွဲတင်ဇွန်း ၇ ဇွန်း (အရည်ပျော်ထားသော ထောပတ်)
  • ကြက်ရင်အုံသား ၂ တုံး

  • ကြက်သွန်နီ တစ်ခြမ်း
  • ပါးပါးလှီးဖြတ်ထားသော နံနံပင် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား၊ ငရုတ်ကောင်းမှုန့်
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • နှမ်းအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ဂျုံမှုန့်အသားပြင်ဆင်ဖို့ရန်အတွက် ဂျုံမုန့်ကို ရေနဲ့ရောပြီးနောက် ဆားအနည်းငယ်ဖြူးကာ အခုလိုမျိုး ဂျုံလုံးဖြစ်သွားအောင် ပြုလုပ်ပါ။

ဂျုံမှုန့်လုံးများကို ဒလိမ့်တုံးလေးနဲ့ ပြန်ဖြန့်လိုက်ပါ။

ထောင့်မှန်စတုဂံပုံဖြန့်ပြီးသွားတဲ့အခါ ထောပတ်ရည်များကို ဘရက်ရှ်လေးနဲ့သုတ်လိမ်းပေးလိုက်ပါ။

ပြီးတဲ့အခါ ဂျုံမှုန့်အပြားနှစ်ချပ်ကို တစ်ခုတည်းဖြစ်အောင် ထပ်လိုက်ပြီး တင်းတင်းကြပ်ကြပ်လေး လိပ်ပေးလိုက်ပါ။

ပလပ်စတစ်လေးနဲ့ ဖုံးအုပ်ထားပြီးနောက် ရေခဲသေတ္တာထဲမှာ တစ်နာရီခန့် အအေးခံထားပါ။

အဲ့ဒီအချိန်မှာ ကြက်သားအစာသွပ်အတွက် ပြင်ဆင်ရပါမယ်။ ကြက်သားတုံးများကို အတုံးသေးသေးလေးတုံးထားပါ။ ကြက်သားတုံးများကို ပန်းကန်လုံးလေးထဲထည့်ပြီး ကြက်သွန်နီ၊ နံနံပင်၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်ဖြူးပြီး နယ်ပေးပါ။

ရေခဲသေတ္တာထဲက ဂျုံလိပ်ကို ပြန်ထုတ်ပြီး ဂျုံအလိပ် ၈ လိပ် ခွဲလိုက်ပါ။

ပြီးတဲ့အခါ စက်ဝိုင်းပုံသဏ္ဍာန် ပြန်ဖြန့်လိုက်ပါ။

ကြက်သားအစာသွပ်များကို စက်ဝိုင်းအလယ်တည့်တည့်မှာ ထည့်လိုက်ပါ။

ပြီးရင် ပိရမစ်ပုံစံ ပိတ်လှောင်ထားလိုက်ပါ။

Oven ကို အပူချိန် ၃၈၀ ဒီဂရီဖာရင်ဟိုက် ကြိုတင်အပူပေးထားပါ။

ထို့နောက် လင်ဗန်းထဲသို့ စမူဆာများကို မှောက်လျက်ထည့်ထားလိုက်ပါ။

စမူဆာများကို ကြက်ဥသုတ်လိမ်းလိုက်ပြီး နှမ်းစေ့များဖြူးလိုက်ပါ။ Oven ထဲမှာ မိနစ် ၃၀ ခန့် ထည့်ထားပြီးနောက်မှာတော့ စမူဆာများ ရွှေညိုရောင်သမ်းလာပါလိမ့်မယ်။

ပြီးရင်တော့ စမူဆာပူပူလေးများကို ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့ သုံးဆောင်နိုင်ပါပြီ။

Source: www.mydeliciousmeals.com