အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သားကို အဆီနည်းနည်း၊ ကယ်လိုရီနည်းနည်းနဲ့ အရသာရှိရှိ သုံးဆောင်ချင်သူတွေအတွက် ကြက်တောင်ပံဖုတ်လေးလုပ်စားလို့ရအောင်မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ကြက်တောင်ပံ ၂ ပေါင်ခန့်
- ဆား
ပြုလုပ်နည်း
အရင်ဆုံး Oven ကို ၄၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ အပူအရင်ပေးထားပါ။ ကြက်သားကို ရေနွေးဆူဆူထဲထည့်ပြီး ဆားထည့်ကာ အရင်ပြုတ်ပါ။
၇ မိနစ်လောက်ပြုတ်ပြီးရင် ရေဆစ်လိုက်ပါ။
အရင်ဆုံး ကြက်တောင်ပံကို Oven အပြားပေါ်မှာ Sheet လေးခံပြီး တင်လိုက်ပါ။ ဆီသုတ်စရာမလိုဘူးနော်။ အရေပြားကနေ ဆီတွေထွက်လာလိမ့်မယ်။
၂၅ မိနစ်လောက် ဖုတ်ပေးပါ။ ပြီးရင်ကျန်တဲ့စတ်ဖက်ကိုလှည့်ပြီးနောက်ထပ် ၅-၁၀ မိနစ်ဖုတ်ပေးပါ။ အရေပြားရွှေညိုရောင်သန်းတဲ့အထိ ဖုတ်ပါ။
ပြီးရင်တော့ဆော့စ်ချဉ်ချဉ်နဲ့ သုံးဆောင်လို့ရပါပြီ။
Photo: www.fifteenspatulas.com
By: MyFood Myanmar