အားလုံးပဲ မင်္ဂလာပါ။ အသားလုံးကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကြွပ်ကြွပ်ရွရွလေးနဲ့ အရသာရှိတဲ့ ဂဏန်းအသားလုံးကြော် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂဏန်းအသား စည်သွပ်ဘူး ၁ ဘူးစာခန့်
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပါးပါးလှီးထားသော ငရုတ်ပွအနီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပါးပါးလှိးထားသေးာ နံနံပင် စားပဲတင်ဇွန်း ၂ ဇွန်း
  • သံပုယိုသီးအခွံ အမှုန်အမွှားလေးများ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • မိရောနိစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးမှုန့်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ကြက်ဥ ၂ လုံး
  • ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၂၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် ပေါင်မုန့်အကြေအစများထည့်ကာ ပေါင်မုန့်များ ရွှေညိုရောင် ပြောင်းသွားသည်အထိ မွှေကြော်လိုက်ပါ။ ထို့နောက် ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၃။ ထို့နောက် ဒယ်အိုးထဲသို့ ကြက်သွန်နီ၊ ငရုတ်ပွအနီတို့ထည့်ကာ ၃ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် ပန်းကန်လုံးအကြီးထဲထည့်ပါ။ ဂဏန်း၊ နံနံပင်၊ သံပုယိုသီးအခွံ၊ ကြက်သွန်ဖြူအမှုန့်၊ မိရောနိစ်၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်လိုက်ပါ။

၄။ ထို့နောက် အခြားပန်းကန်လုံးထဲသို့ ကြက်ဥ ၂ လုံး ဖောက်ထည့်ကာ မွှေခလောက်လိုက်ပါ။ ထို့နောက် ဂျုံမှုန့်ကို အခြားပန်းကန်လုံး တစ်လုံးထဲမှာ အဆင်သင့်ပြင်ထားပါ။ ပေါင်မုန့်အကြေအစကိုလည်း အခြားပန်းကန်လုံးထဲတွင် ထားထားပါ။

၅။ ဂဏန်းအသားများကို အနေတော်အလုံး လုံးလိုက်ပြီးနောက် ဂျုံမှုန့်ထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ တစ်ဖန် ပေါင်မုန့်အကြေအစများထဲ ထည့်နှစ်လိုက်ပါ။

ဂဏန်းအသားလုံးများ ကုန်သွားသည်အထိ ထိုနည်းအတိုင်း ပြုလုပ်ပေးလိုက်ပါ။

၆။ ထို့နောက် ဂဏန်းအသားလုံးများကို လင်ဗန်းပေါ် တင်ပြီးနောက် Oven ထဲထည့်ကာ ၁၅ မိနစ်ခန့် အပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြွပ်ကြွပ်ရွရွလေးနဲ့ အရသာရှိတဲ့ ဂဏန်းအသားလုံးကြော်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါပြီ။

Source: Drivemehungry.com