အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာပြုလုပ်နည်းကတော့ အရသာဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းတဲ့ ချိစ် ကြက်ဥကိတ် ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အရည်ဖျော်ထားသော ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁၂ လုံး
  • Mozzarella ချိစ် ၂၀၀ ဂရမ် (ခြစ်ပြားဖြင့် အချောင်းလိုက် ခြစ်ချထားပါ)
  • Cheddar ချိစ် ၂၀၀ ဂရမ် (ခြစ်ပြားဖြင့် အချောင်းလိုက် ခြစ်ချထားပါ)
  • Cottage ချိစ် ၁ တုံး (၁၆ အောင်စ)

  • ဂျုံမှုန့် ၆၄ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ Oven ထဲထည့်မယ့် ဇောက်နက်သော လင်ဗန်းကို ထောပတ်ဖြင့် သုတ်လိမ်းလိုက်ပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥများကို အမြှုပ်များ ထွက်သည်အထိ မွှေခလောက်ထားပါ။

၄။ ထို့နောက် ထိုကြက်ဥပန်းကန်ထဲသို့ Mozzarella ချိစ်၊ Cheddar ချိစ်၊ Cottage ချိစ်၊ ဂျုံမှုန့်နှင့် ဆားတို့ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၅။ ရရှိလာတဲ့ ကြက်ဥ ချိစ်အရောအနှောများကို ထောပတ်သုတ်ထားသော လင်ဗန်းထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် Oven ထဲထည့်ကာ ၅၅ မိနစ်မှ မိနစ် ၆၀ အထိ ထည့်ဖုတ်ထားလိုက်ပါ။

သတ်မှတ်ချိန် ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ် ကြက်ဥကိတ်လေး ရရှိသွားပါပြီ။

Source: Lilluna.com