အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာလည်း အာလူး စားသုံးရတာ ကြိုက်နှစ်သက်သူများအတွက် မိမိအိမ်မှာပဲ အလွယ်တကူပြုလုပ်လို့ရမယ့် အာလူးချောင်းကင် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ခက်ခက်ခဲခဲပြုလုပ်စရာမလိုဘဲ Oven ထဲ ထည့်ကင်လိုက်ရုံနဲ့တင် အရသာရှိရှိသုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အာလူး အလုံးကြီး တစ်လုံး

  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven  ကို အပူချိန် ၄၅၀ ဒီဂရီဖာရင်ဟိုက် (၂၃၀ ဒီဂရီစင်တီဂရိတ်) ဖြင့် ကြိုတင် အပူပေးထားပါ။

၂။ အာလူးကို အခွံခွာ၊ ရေဆေးပြီးနောက် အချောင်းထူထူလေးဖြစ်အောင် လှီးဖြတ်ထားပါ။

၃။ ထိုအာလူးချောင်းများကို သံလွင်ဆီ၊ ငရုတ်သီး အရောင်တင်မှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်နီမှုန့်တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။

၄။ နယ်ဖတ်ပြီးသော အာလူးချောင်းများကို Oven ထဲထည့်မယ့် လင်ဗန်းထဲ ထည့်လိုက်ကာ Oven ထဲမှာ ၄၅ မိနစ်ခန့် ထည့်ကင်ထားရပါမယ်။

အချိန်ပြည့်သွားပါက Oven ထဲက ထုတ်ပြီး အအေးခံကာ မိမိနှစ်သက်ရာ ဆော့စ်တစ်မျိုးမျိုးဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: allrecipes.com