အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥ ပေါင်မုန့် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာလည်း အရသာရှိတဲ့ ကြက်ဥ ပေါင်မုန့်ချောင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကြက်ဥ ၄ လုံး
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဆား အနည်းငယ်
  • ပေါင်မုန့် ၈ ချပ်
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း (အရည်ဖျော်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ လင်ဗန်းပေါ်တွင် ဆီစုပ်စက္ကူ ခံထားလိုက်ပါ။ ပန်းကန်လုံးအသေးတွင် သကြားနှင့် သစ်ကြမ်းပိုးခေါက်မှုန့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ အလယ်အလတ်ပန်းကန်လုံးထဲတွင် နွားနို့၊ ကြက်ဥ၊ ဗနီလာနှင့် ဆားတို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

ပေါင်မုန့်ချပ်များကို တစ်ချပ်လျှင် ၃ ချောင်းစီ လှီးဖြတ်ထားပါ။ ပေါင်မုန့်ချောင်းများကို နွားနို့ ကြက်ဥအရောအနှောထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ဆီစုပ်စက္ကူ ခံထားသော လင်ဗန်းပေါ်တွင် တင်ထားလိုက်ပါ။ (တစ်ခုနှင့် တစ်ခု ပူးကပ်စွာ မထားဘဲ အနည်းငယ် ခြားထားရပါမယ်။)

၃။ ထို့နောက် ပေါင်မုန့်များကို ထောပတ်ရည်ဖြင့် သုတ်လိမ်းလိုက်ပါ။ ထို့နောက် သကြား သစ်ကြမ်းပိုးခေါက် အရောအနှောကို ပေါင်မုန့်ပေါ်တွင် ဖြူးပေးလိုက်ပါ။

၄။ ပြီးရင်တော့ Oven ထဲတွင် ၁၃ မိနစ်ခန့် အပူပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ပေါင်မုန့်ချောင်းများကို တစ်ဖက်သို့ လှန်ကာ ပေါင်မုန့် မျက်နှာပြင်ကို ထောပတ်ရည်ဖြင့် သုတ်လိမ်းပါ။ သကြား၊ သစ်ကြမ်းပိုးခေါက်အမှုန့် ဖြူးပါ။ ထို့နောက် Oven ထဲတွင် ၁၃ မိနစ်မှ ၁၈ မိနစ်ခန့်အထိ ပြန်လည်ထည့်ထားကာ အပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ မိနစ်ပိုင်းလောက် အအေးခံပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥ ပေါင်မုန့်လေး ရရှိသွားပါပြီ။

Source: Cookingclassy.com