Croissants ပေါင်မုန့်လို့ ပြောလိုက်တာနဲ့ ပြင်သစ်ပေါင်မုန့်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ Croissants ပေါင်မုန့်က ၁၃ ရာစုနှစ်မှာ သြစတြေးလျနိုင်ငံမှ စတင်ပြုလုပ်ခဲ့တဲ့ ပေါင်မုန့်ပဲဖြစ်ပါတယ်။ ထိုစဉ်အခါတုန်းကတော့ Croissant ပေါင်မုန့်ကို ပုံသဏ္ဍာန်အမျိုးမျိုး ဖုတ်ကြပါတယ်။

ဒီနေ့ခေတ်မှာတော့ Croissants ကို ခရုပတ်ပုံသဏ္ဍာန်ဖြင့် ဖုတ်လုပ်ကြတဲ့အတွက်ကြောင့် အချို့ကတော့ ထိုပေါင်မုန့်ကို မြန်မာမှုပြုပြီး ခရုပတ်ပေါင်မုန့်လို့ အလွယ်ခေါ်တတ်ကြပါတယ်။

ပေါင်မုန့်ချစ်သူတို့အနေနဲ့လည်း Croissants ပေါင်မုန့်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် အခုဖော်ပြပေးမယ့် ချိစ် ဝက်ပေါင်ခြောက်အစာသွပ် Croissants လေးကိုလည်း ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • Dijon Mustard စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

Source: Pillsbury.com

  • Croissants ပေါင်မုန့်အသေး ၁၂ ခု (အလျားလိုက် ထက်ခြမ်း ခြမ်းထားပါ)
  • ဝက်ပေါင်ခြောက် ၁ ပေါင်
  • ဆွစ်ဇလန်ချိစ် ၆ ချပ် (ဒေါင့်ဖြတ်မျဉ်းအတိုင်း တစ်ဝက်ခြမ်းထားပါ)
  • ကြက်ဥအကာ ၁ လုံး
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲထည့်မယ့် လင်ဗန်းကို ဆီအနည်းငယ် သုတ်လိမ်းထားလိုကပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ထောပတ်၊ Dijon Mustard ၊ ကြက်သွန်မြိတ်၊ ပျားရည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၃။ ရရှိလာတဲ့ ထောပတ်အရောအနှောကို ပေါင်မုန့်ရဲ့အတွင်းသားပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ချိစ်နှင့် ဝက်ပေါင်ခြောက်တို့ ညှပ်ထားလိုက်ပါ။

၄။ ရရှလာတဲ့ Croissants ပေါင်မုန့်ကို လင်ဗန်းပေါ် တင်ထားလိုက်ပါ။

၅။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ကြက်ဥအကာကို ရေ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သအောင် မွှေခလောက်ထားပါ။ ထို့နောက် ပေါင်မုန့်မျက်နှာပြင်ပေါ်သို့ သုတ်လိမ်းပေးလိုက်ပါ။

နှမ်း ကြိုက်သူများက နှမ်းများ ဖြူးထည့်ပေးနိုင်ပါတယ်။ နှမ်း မကြိုက်ဘူးဆိုရင်လည်း မထည့်လည်း ရပါတယ်။

၆။ ထို့နောက် ထိုလင်ဗန်းကို Oven ထဲထည့်ပြီး ၁၅ မိနစ်၊ ၁၈ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ၅ မိနစ်ခန့် အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ် ဝက်ပေါင်ခြောက်အစာသွပ် Croissants ပေါင်မုန့်လေး ရရှိသွားပါပြီ။

Source: Damndelicious.net