အားလုံးပဲ မင်္ဂလာပါ။ ဘာဘီကျူးလုပ်စားချင်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ပျားရည်အရသာ ဝက်နံရိုးဘာဘီကျူးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေအေး တစ်ဇလုံခန့်
  • ပဲငံပြာရည် ၂၀၀ မီလီလီတာနှင့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇါန်း ၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ

  • ဝက်နံရိုး ၁ ပေါင်ခွဲ
  • ဂျင်း ၃ ပြား
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • ပျားရည် ၆၀ မီလီလီတာ
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒန်အိုးတစ်လုံးထဲသို့ ဝက်နံရိုးများထည့်ကာ ရေခဲရေကို ဝက်နံရိုးများ မြှုပ်သွားသည်အထိ လောင်းထည့်ပေးလိုက်ပါ။ ထို့နောက် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၂။ ရေက ပွက်ပွက်ဆူလာတဲ့အခါမှာတော့ ဝက်နံရိုးများကို ပန်းကန်ပြားထဲပြောင်းထည့်ကာ အအေးခံထားလိုက်ပါ။

၃။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ပဲငံပြာရည်အနောက်နှင့် သကြားညိုတို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၄။ ဝက်နံရိုးများ အေးသွားတဲ့အခါမှာတော့ အလုံပိတ်ထဲထည့်ကာ ပဲငံပြာရည်အရောအနှောကို ထိုဝက်နံရိုးအိတ်ထဲသို့ လောင်းထည့်လိုက်ပါ။

၅။ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ကို ထိုဝက်နံရိုးအိတ်ထဲ ထည့်ပြီးနောက် အိတ်ကို လေမဝင်အောင် အလုံပိတ်ပြီးနောက် ရေခဲသေတ္တာထဲတွင် ၄ နာရီမှ ၈ နာရီခန့်အထိ ထည့်ထားလိုက်ပါ။

၆။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ဝက်နံရိုးများကို ခဲဖတ်ပေါ် တင်ထားပြီးနောက် Oven ထဲတွင် မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ ရွှေညိုရောင်သမ်းနေတဲ့ ဝက်နံရိုးကင်လေး ရရှိသွားပါပြီ။ ပျားရည်နှင့် နှမ်းစေ့တို့ ဖြူးထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com