အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ ဟင်းနုနွယ်အစာသွပ် ကြက်သားလိပ်ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၂ ပေါင်
  • ပေါင်မှုန့်အကြေအစများ ၁၂၈ ဂရမ်
  • ချိစ် စားပွဲတင်ဇွန်း ၆ ဇွန်း
  • ဟင်းနုနွယ် ၅ အောင်စ
  • ကြက်သွန်ဖြူ ၁ မြွှာနှင့် သံလွင်ဆီအနည်းငယ်

  • ကြက်ဥအကာ ၆ လုံး
  • ငရုတ်သီးဆော့စ် (သို့) ခရမ်းချဉ်သီးဆော့စ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ရင်အုံသားကို ၈ ပိုင်း ပိုင်းပြီးနောက် အလေးတုံးဖြင့် ပြားနေအောင် ထုလိုက်ပါ။

၂။ ဟင်းနုနွယ်ကို အရိုးနှင့် အရွက်များ ချွေထားလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ကာ ဆီသတ်ပါ။ ထို့နောက် ဟင်းနုနွယ်ရွက်ထည့်ကာ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ဟင်းနုနွယ်ကြော်ကို ဇလုံအကြီးထဲထည့်ကာ ချိစ်နှင့် ကြက်ဥအကာ စားပွဲတင်ဇွန်း ၃ ဇွန်းခန့်ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

၄။ Oven ကို ၄၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် စောစောကနယ်ထားသော ဟင်းနုနွယ် ချိစ်အစာသွပ် စားပွဲတင်ဇွန်း ၂ ဇွန်းစာခန့် ခပ်ယူကာ ကြက်သားပြားပေါ် တင်ပေးလိုက်ပါ။ ထို့နောက် ကြက်သားကို လိပ်ပေးလိုက်ပါ။

၅။ ကြက်သားလိပ်ကို ကျန်ရှိနေတဲ့ကြက်ဥအကာထဲတွင် နှစ်ပေးလိုက်ပါ။ ထို့နောက် ပေါင်မုန့်အကြေအစဖြင့် ကပ်ပေးလိုက်ပါ။ ကျန်ရှိနေတဲ့ ကြက်သားပြား ၇ ပြား ကို အထက်ပေါ်ပြပါနည်းအတိုင်း လိပ်ပေးရပါမယ်။ ထို့နောက် ကြက်သားလိပ်များကို လင်ဗန်းပေါ်တွင်တင်ကာ Oven ထဲတွင် ၂၅ မိနစ်ခန့် ထည့်ဖုတ်ရပါမယ်။

၆။ အချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဟင်းနုနွယ်အစာသွပ် ကြက်သားလိပ်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Pinchofyum.com