ငါးဟင်းကို ဟင်းအဖြစ် ထမင်းနဲ့ တွဲမစားဘဲ ကြက်ကြော်လိုမျိုး သွားရေစာမုန်အဖြစ် တကြွပ်ကြွပ် ဝါးစားချင်သူများအတွက် အရသာရှိတဲ့ ငါးအသားလွှာ အကြွပ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးအသားလွှာ ၁ ပေါင်ခွဲ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ပေါင်မုန့်အကြေအစ ၁၂၈ ဂရမ် (ပန်းကန်လုံးအသေးတစ်လုံးစာ
  • နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း

  • ကြက်ဥ အကြီး ၂ လုံး
  • မိရောနိစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုယိုသီး ၁ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ Oven ထဲ ထည့်မယ့် လင်ဗန်းကို ခဲဖတ် (သို့) ဆီစုပ်ဖြင့် ခံထားနိုင်သလို ဟင်းချက်ဆီ စပရေးဖြင့် လည်း ဖြန်းထားပေးနိုင်ပါတယ်။ ဒါမှ ငါးကြော်က လင်ဗန်းမှာ ကပ်မနေမှာပါ။

၃။ ငါးအသားလွှာများကို ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် ဖြူးထားလိုက်ပါ။

၄။ ပန်းကန်ပြားထဲတွင် ပေါင်မုန့်အကြေအစများနှင့် ပါးပါးလှီးထားသော နံနံပင်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

ဂျုံမှုန့်ကိုတော့ အခြားပန်းကန်ထဲတွင် သပ်သပ်စီ ခွဲထည့်ထားပါ။

တတိယပန်းကန်လုံးထဲတွင်တော့ ကြက်ဥကို သမအောင် မွှေခလောက်ပြီးနောက် မိရောနိစ်ဖြင့် သမအောင် ရောမွှေထားလိုက်ပါ။

၅။ ထို့နောက် ငါးအသားလွှာကို ဂျုံမှုန့်ထဲတွင် ထည့်ကပ်လိုက်ပါ။ ထို့နောက် ကြက်ဥပန်းကန်ထဲ ထည့်နှစ်လိုက်ပါ။ ပြီးရင်တော့ ပေါင်မုန့်အကြေအစများနဲ့ ကပ်ပေးလိုက်ပါ။

ကျန်ရှိနေတဲ့ ငါးအသားလွှာများအားလုံးကို ထိုနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။

၆။ ရရှိလာတဲ့ ငါးအသားလွှာကို လင်ဗန်းပေါ်တွင် အစီအရီတင်ထားလိုက်ပါ။

၇။ ထို့နောက် Oven ထဲထည့်ကာ ၁၆ မိနစ်မှ မိနစ် ၂၀ အထိ ထည့်ထားလိုက်ပါ။

ထိုအချိန်တွင် သံပုယိုသီးကို လေးစိပ် စိတ်ထားလိုက်ပါ။

၈။ ငါးအသားလွှာ ကျက်သွားတဲ့အခါမှာတော့ မိမိနှစ်သက်ရာ အချဉ်ရည်ဆော့စ်၊ သံပုယိုသီးတို့ဖြင့် တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Thespruceeats.com