အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းစားပြီးတိုင်းမှာ အချိုတည်းလေ့ရှိသူများအတွက် သာကူပူတင်း အချိုပွဲ ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သာကူ ၇၀ ဂရမ်
  • Custard ပေါင်ဒါ ၃၀ ဂရမ်
  • နွားနို့ ၅၀၀ မီလီလီတာ
  • ကြက်ဥ ၂ လုံး
  • သကြား ၇၀ ဂရမ်

  • နို့စိမ်း ၈၀ မီလီလီတာ
  • ထောပတ် ၂၀ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပွက်ပွက်ဆူနေသော ရေနွေးထဲသို့ သာကူစေ့များ ထည့်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် ၁၀ မိနစ်ခန့် တည်ထားပါ။

သာကူစေ့များက ကြည်လင်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ဖယ်ရှားလိုက်ပါ။ ထို့နောက် အဖုံးအုပ်ထားပြီး ၁၅ မိနစ်ခန့် ထားထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက သာကူများကို ရေဖြင့် ဆေးကြောလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် Custard ပေါင်ဒါကို နွားနို့ ၂၅၀ မီလီလီတာနှင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ကြက်ဥများ ဖောက်ထည့်ကာ သမအောင် မွှေခလောက်ပါ။

၃။ ဒယ်အိုးတစ်လုံးတွင် ကျန်ရှိနေသော နွားနို့တစ်ဝက်၊ နို့စိမ်း၊ ထောပတ်နှင့် သကြားတို့ထည့်ကာ မီးအေးအေးဖြင့် တည်ထားလိုက်ပါ။ (ဆူပွက်လာသည်အထိ တည်စရာ မလိုပါဘူး)

နွားနို့က အတော်အသင့် ပူနွေးလာပြီဆိုရင်တော့ Custard ကြက်ဥအရောအနှောများ ဖြည်းဖြည်းချင်းစီထည့်ကာ အဆက်မပြတ်မွှေပေးလိုက်ပါ။

နွားနို့အရည်များ ပျစ်သွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ ထို့နောက် သာကူစေ့များ လောင်းထည့်ကာ သမအောင် မွှေပါ။

၄။ ရရှိလာတဲ့ သာကူ နွားနို့များကို ပန်းကန်လုံးအသေးများထဲသို့ အညီအမျှ ခွဲထည့်လိုက်ပါ။ ထို့နောက် လင်ဗန်းပေါ် တင်ထားလိုက်ပါ။

၂၀၀ ဒီဂရီစင်တီဂရိတ်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲထည့်ကာ မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ထည့်ကာ အပူပေးထားလိုက်ပါ။

Source: Mrspskitchen.net