အားလုံးပဲ မင်္ဂလာပါ။ ဆော်လမွန်ငါးက Omega-3 Fatty အက်စစ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်ခုပါ။ ဒါ့အပြင် သူ့ထဲမှာပါတဲ့ ဗီတာမင် အီးဓာတ်က အသားအရေစိုပြေလှပချင်သူများအတွက် အထောက်အပံ့ကောင်းကောင်း ပေးနိုင်ပါတယ်။
ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်တဲ့ဆော်လမွန်ငါးကို အရသာရှိအောင် ဘယ်လိုလုပ်စားမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
- ဆော်လမွန်ငါး ၂၅၀ ဂရမ်
- ကြက်ဥ ၁ လုံး
- ဂျုံမှုန့် ၆၀ ဂရမ်
- ပါးပါးလှီးထားသော ပူစီနံရွက် စားပွဲတင်ဇွန်း ၁ ဇွန်း
- သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
- ပင်လယ်ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အရင်ဦးဆုံး Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။
၂။ ပန်းကန်လုံးအကြီးထဲတွင် ဆော်လမွန်ငါးအသားများကို ချေထားပြီး ဂျုံမှုန့်၊ ပူစီနံနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး သမအောင် နယ်ထားပါ။ ထို့နောက် ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ နယ်ထားသော အစာများက ခြောက်သွားပါက သံလွင်ဆီထည့်ပေးပါ။ တကယ်လို့ ဆီများပြီး အရည်ရွှမ်းသွားပါက ဂျုံမှုန့် ထပ်ထည့်ပေးလိုက်ပါ။ နောက်ဆုံးကျမှ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ထပ်နယ်ပေးလိုက်ပါ။
၃။ နယ်ထားသော အစာကို ဘောလုံးပုံသဏ္ဍာန် လုံးပေးလိုက်ပါ။ ထို့နောက် Oven ထဲထည့်မယ့် လင်ဗန်းပေါ် အစီအရီတင်ထားပြီးနောက် သံလွင်ဆီများ သုတ်လိမ်းပေးလိုက်ပါ။ လင်ဗန်းကို Oven ထဲတွင် ၁၀ မိနစ်၊ ၁၂ မိနစ်ခန့် ထည့်ထားလိုက်ပါ။
အချိန်ပြည့်သွားတဲ့အခါမှာတော့ အာဟာရဓာတ်ပြည့်ဝပြီး အရသာရှိတဲ့ ဆော်လမွန်ငါးအသားလုံးကို မိမိနှစ်သက်ရာအချဉ်ရည်နဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Source: thepetitecook.com