အားလုံးပဲ မင်္ဂလာပါ။ သွားရေစာအနေနဲ့သာမက အဓိက ဟင်းလျာအဖြစ်ပါ စားသုံးနိုင်မယ့် ကြက်သားမွကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ဒယ်အိုးနဲ့ ကြော်ရင် ဆီစင်မှာ ကြောက်နေတယ်ဆိုသူများအတွက် Oven အသုံးပြုပြီး ကြော်လိုက်ကြရအောင်။

ပါဝင်ပစ္စည်းများ

• ကြက်ရင်အုံသား ဝ.၅ ပေါင်ခန့် (အရိုးနှင့် အရေခွံတို့ကို ဖယ်ထားပါ)
• ဂျင်းပြား ၄ ပြား
• ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
• သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၆ ဇွန်း
• ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒန်အိုးတစ်လုံးထဲသို့ ရေထည့်ပါ။ ဂျင်းပြားနှင့် ဟင်းချက်ဝိုင်တို့ထည့်ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

၂။ ရေနွေးဆူလာပါက ကြက်ရင်အုံတုံးများကို အိုးထဲထည့်ပြီး ၁၅ မိနစ်ခန့် တည်ထားလိုက်ပါ။ ၁၅ မိနစ် ပြည့်ပါက ကြက်သားတုံးများကို ဆယ်ယူကာ အအေးခံထားလိုက်ပါ။

၃။ ကြက်သားတုံးများ အေးသွားပါက ကြက်သားတုံးများကို နွှင်ထားပေးရပါမယ်။

၄။ နွှင်ထားပြီးသော ကြက်သားများကို သံလွင်ဆီ၊ ခရမ်းချဉ်သီးဆော့စ်၊ ဆားနှင့် ငရုတ်ကောာင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားပြီးနောက် အသားထဲ စိမ့်ဝင်သွားဖို့ရန်အတွက် ၁၀ မိနစ်ခန့် ထားထားလိုက်ပါ။

၅။ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲထည့်မယ့် လင်ဗန်းထဲသို့ ခဲဖတ် ခံထားပြီးနောက် ကြက်သားများကို ခဲဖတ်ပေါ်တွင် ညီညီညာညာဖြန့်ကျက်ထားလိုက်ပါ။

၆။ ထို့နောက် လင်ဗန်းကို Oven ထဲတွင် ၁၀ မိနစ်ခန့် ထည့်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက ကြက်သားဖတ်များကို တစ်ဖက်သို့ လှန်ပေးပြီး Oven ထဲတွင် ၈ မိနစ်၊ ၁၀ မိနစ်ခန့် ပြန်ထည့်ထားရပါမယ်။

ဖော်ပြပါ အဆင့်များအားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ကြက်သားမွကြော်လေးရရှိသွားပါပြီ။ မိမိနှစ်သက်ရာ အချဉ်ဆော့စ် တစ်မျိုးမျိုးဖြင့် အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Spicetheplate.com