မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. ညဘက်တွေ Netflix ကြည့်ရင်း ဒါမှမဟုတ် ညဘက်အလုပ်လုပ်တာနောက်ကျတဲ့အချိန်တွေ ဗိုက်ဆာတဲ့အခါ စားဖို့တစ်ခုခုကို ရှာတတ်တဲ့အကျင့် ရှိလားရှင့် ?
ဒါဆိုရင်တော့ လုပ်ရတာလည်းလွယ်ကူပြီး ချိုတဲ့အရသာလည်းရှိတဲ့ ပန်းသီးလက်စွပ်ကြော်လေး လုပ်စားကြရအောင်။
ပါဝင်ပစ္စည်းများ
- ပန်းသီးကြီး ၆ လုံး
- သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဇာတိပ္ဖိုလ်သီး လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချက်ပြုတ်နည်းအဆင့်ဆင့်
- Oven ကို 200 ဒီဂရီ ဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။
- ပန်းသီးများကို ပါးပါးလှီးထားပါ။
- ပန်းသီးကို အမွှေးအကြိုင်တွေနဲ့ နယ်ပြီးရင် မုန့်ဖုတ်စာရွက်ပေါ်မှာစီပြီး ၁ နာရီခန့်ဖုတ်ပေးပါ။
- ဖုတ်လို့ပြီးရင်တော့ သစ်ကြံပိုးခေါက်လေးဖြူးပြီး အဆာပြေအနေနဲ့ သုံးဆောင်လို့ရပါပြီ။
Source: draxe