မင်္ဂလာပါ…. ပျိုမဒီတို့ရေ…. ညဘက်တွေ Netflix ကြည့်ရင်း ဒါမှမဟုတ် ညဘက်အလုပ်လုပ်တာနောက်ကျတဲ့အချိန်တွေ ဗိုက်ဆာတဲ့အခါ  စားဖို့တစ်ခုခုကို ရှာတတ်တဲ့အကျင့် ရှိလားရှင့် ?
ဒါဆိုရင်တော့ လုပ်ရတာလည်းလွယ်ကူပြီး  ချိုတဲ့အရသာလည်းရှိတဲ့ ပန်းသီးလက်စွပ်ကြော်လေး လုပ်စားကြရအောင်။

ပါဝင်ပစ္စည်းများ

  • ပန်းသီးကြီး ၆ လုံး
  • သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဇာတိပ္ဖိုလ်သီး  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချက်ပြုတ်နည်းအဆင့်ဆင့်

  • Oven ကို 200 ဒီဂရီ ဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။
  • ပန်းသီးများကို ပါးပါးလှီးထားပါ။
  • ပန်းသီးကို အမွှေးအကြိုင်တွေနဲ့ နယ်ပြီးရင် မုန့်ဖုတ်စာရွက်ပေါ်မှာစီပြီး ၁ နာရီခန့်ဖုတ်ပေးပါ။
  • ဖုတ်လို့ပြီးရင်တော့ သစ်ကြံပိုးခေါက်လေးဖြူးပြီး အဆာပြေအနေနဲ့ သုံးဆောင်လို့ရပါပြီ။

 

Source: draxe