ငှက်ပျောသီးကိုအခြေခံပြီး ငှက်ပျောသီးကိတ်ကို အရင်ပြုလုပ်ကာ ရေခဲမုန့်တွေနဲ့ရောစပ်ထားတဲ့ ငှက်ပျောသီးကိတ်ရေခဲမုန့် ပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ နာမည်ကသာနည်းနည်းထူးဆန်းတော့ လုပ်ရတာလည်း ခက်ခဲမယ်ထင်ထားတာ အခုတော့ လုပ်ရတာ အရမ်းကိုလွယ်ကူလွန်းပါတယ်။

ပထမဆုံးအနေနဲ့ ပန်းကန်လုံးအကြီးထဲကို ငှက်ပျောသီး ၃ လုံးထည့်ပြီး ချေပေးပါ။ ပြီးတာနဲ့ အရည်ပျော်အောင်လုပ်ထားတဲ့ထောပတ် – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာ၊ ကြက်ဥ – ၁ လုံး၊ သကြား – ခွက်တစ်ဝက်စာနဲ့ Vanilla – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို သမအောင်ရောမွှေပေးပါ။

Source: www.tasty.com

သမအောင်မွှေပြီးတာနဲ့ ဂျုံမှုန့် – တစ်ခွက်ခွဲစာ၊ မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ဆား – အနည်းငယ်တို့ကို ထည့်ပြီး သမအောင်မွှေပေးပါ။ ပြီးတာနဲ့ အပူခံနိုင်တဲ့ ပုံစံခွက်လေးထဲကိုထည့်ပြီး မုန့်ဖုတ်စက်ထဲမှာ မိနစ် ၅၀ ကြာအောင် ထည့်ထားလိုက်ပါ။

Source: www.tasty.com

အချိန်ပြည့်လို့ မုန့်ဖုတ်စက်ထဲထုတ်တာနဲ့ ဓားနဲ့ သုံးပိုင်းပိုင်းပေးပါ။ ပြီးတာနဲ့ ပုံစံခွက်ထဲမှာ ပလတ်စတစ်ခံပြီး ကိတ်တစ်ပိုင်းကို ပုံစံခွက်ထဲ အရင်ပြန်ထည့်ပါ။ ပြီးတာနဲ့ ရေခဲမုန့် – ၂ ဇွန်းလောက်ထည့်ပြီး ဇွန်းနဲ့ဖိချပေးပါ။ နောက်ထပ်ကိတ်မုန့်တစ်ပိုင်းကို ထပ်ထည့်ပြီး အပေါ်ကနေ ရေထဲမုန့် နောက်တစ်မျိုးကို – ၂ ဇွန်းလောက်ထည့်ပြီး ဇွန်းနဲ့ဖိချပေးပါ။ ပြီးရင်တော့ ကိတ်နဲ့ ပြန်ပိတ်လိုက်ပါ။ အားလုံးပြီးရင်တော့ ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ။

Source: www.tasty.com

ရေခဲသေတ္တာထဲကထုတ်တာနဲ့ ဓားနဲ့လှီးပြီး ပန်းကန်ထဲထည့်ကာ စားသုံးနိုင်တဲ့ ငှက်ပျောသီးကိတ် ရေခဲမုန့်ကို ရရှိပါပြီ။

Source: www.tasty.com