အားလုံးပဲ မင်္ဂလာပါ။ ကိတ်မုန့် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ငှက်ပျောသီးကိတ် ပြုလုပ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီးမှည့် ၂၉၉ ဂရမ်
  • ဂျုံမှုန့် ၁၂၀ ၈ရမ်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖ်ကရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၃ လုံး
  • ပေါင်ဒါ သကြားမှုန့် ၁၀၀ ဂရမ်

  • ထောပတ် ၁ ခဲ (၁၀၀ ဂရမ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ပေါင်မုန့်ဖုတ်မယ့် ဇောက်နက်သော လင်ဗန်းကို ထောပတ်ဖြင့် သုတ်လိမ်းထားပါ။ထို့နောက် ဆီစုပ်စက္ကူ ခံထားလိုက်ပါ။

၂။ ပန်းကန်လုံး ၁ လုံးတွင် ငှက်ပျောသီးများထည့်ကာ ခက်ရင်းဖြင့် ညှက်အောင် ချေထားလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်နှင့် မုန့်ဖုတ်ပေါင်ဒါတို့ကို ဆန်ခါဖြင့် စစ်ထည့်ထားလိုက်ပါ။

၄။ ကြက်ဥ ၃ လုံးကို ဗူစီဖောင်းအမြှုပ်များ ထလာသည်အထိ မွှေခလောက်ပေးလိုက်ပါ။ ထို့နောက် သကြားမှုန့်ထည့်ကာ ၃ မိနစ်ခန့် ထပ်မံ မွှေခလောက်လိုက်ပါ။

၅။ ထို့နောက် ငှက်ပျောသီးအနှစ်များထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

၆။ ထောပတ်များကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီးနောက် မိုက်ခရိုဝေ့ဖ်ထဲထည့်ကာ စက္ကန့် ၃၀ ခန့် အရည်ဖျော်ထားလိုက်ပါ။

ဂျုံမှုန့်ကို ၃ ပုံ ပုံထားလိုက်ပါ။ ငှက်ပျောသီး ကြက်ဥအရောအနှောထဲသို့ ထောပတ်အရည် တစ်ယက်ခန့်ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ဂျုံမှုန့် ၃ ပုံ ၁ ပုံခန့်ထည့်ကာ သမအောင် မွှေပါ။

နောက်ထပ် ကျန်ရှိတဲ့ ဂျုံမှုန့် တစ်ပုံခန့် ထပ်ထည့်ကာ သမအောင် ထပ်နယ်ပါ။ ကျန်ရှိနေတဲ့ ထောပတ်တစ်ယက်ကို လောင်းထည့်ကာ သမအောင် မွှေပါ။ နောက်ဆုံးကျန်တဲ့ ဂျုံမှုန့်ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

၇။ ရရှိလာတဲ့ ငှက်ပျောသီးမုန့်နှစ်များကို ဆီသုတ်ထားသော လင်ဗန်းထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် လင်ဗန်းကို ခဲဖတ်ဖြင့်အုပ်ကာ Oven ထဲထည့်ပြီး မိနစ် ၃၀ ခန့် ထည့်ဖုတ်လိုကပါ။

၈။ သတ်မှတ်ချိန်ပြည့်ပါက ကိတ်မုန့် ကျက် မကျက်ကို သွားကြားထိုးတံ ထည့်ပြီး စမ်းကြည့်လိုက်ပါ။ သွားကြားထိုးတံက မုန့်နှစ်များ ကပ်မနေဘဲ ပကတိအတိုင်း သန့်ရှင်းနေတယ်ဆိုရင်တော့ အရသာရှိတဲ့ ငှက်ပျောသီးကိတ်လေး ရရှိသွားပါပြီ။

Source: Rasamalaysia.com