အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ရုပ်ရှင်ကြည့်ရင်းဖြစ်ဖြစ် မိသားစုတွေနဲ့ အတူတူ စကားပြောရင်းဖြစ်ဖြစ် အချိန်မရွေး အစာပြေ စားသုံးနိုင်တဲ့ ငှက်ပျောသီး ကြွပ်ကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ငှက်ပျောသီး အမှည့် (သို့) အစိမ်း အစိမ်း ၄ လုံး
  • ရေ  အေးအေး ၂ ခွက်
  • ဆား အနည်းငယ်
  • ဆီ

ပြုလုပ်နည်း

ငှက်ပျောသီး ကြွပ်ကြွပ် ကြော်စားကြမယ်

အရင်ဆုံး ငှက်ပျောသီးကို အခွံနွှာလိုက်ပြီး ဆား နဲ့ ရေအေးအေးထည့်ပြီး စိမ်ထားလိုက်ပါ။

ပြီးရင် ခပ်ပါးပါးလေးလှီးပေးလိုက်ပါ။ ရေသေချာဆစ်ပေးလိုက်ပါ။

အဲဒီနောက် ဆီ ကိုအပူပေးပြီး ထည့်ကြော်လိုက်ပါ။ ကြွပ်သွားပြီဆိုရင်တော့ အအေးခံလိုက်ပြီး သုံးဆောင်လို့ရပါပြီ။

နောက်နေ့တွေမှာလည်း စားချင်ရင် လေအလုံပိတ်ဘူးထဲထည့်ထားပြီး သုံးဆောင်နိုင်ပါတယ်။

By: MyFood Myanmar