အားလုံးပဲ မင်္ဂလာပါ။ ဆူရှီ ထမင်းလိပ်ဆိုရင် ပါဝင်ပစ္စည်းတွေထဲမှာ ထမင်းအဓိက ပါဝင်ပြီး တူနာငါး (သို့) အမဲသားစတဲ့ အသားတစ်မျိုးမျိုးထည့်လိပ်ကြတာ များပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ထူးဆန်းပါတယ်။ ငှက်ပျောသီးနဲ့ ချောကလက်ကို အဓိကထားလုပ်စားနိုင်တဲ့ ဆူရှီတစ်မျိုးပဲဖြစ်ပါတယ်။ ထမင်းစားပြီးတဲ့အခါ အချိုပွဲအနေနဲ့ သုံးဆောင်နိုင်တဲ့ ချောကလက် ငှက်ပျောသီးဆူရှီပဲဖြစ်ပါတယ်။

ပြင်ဆင်ပြုလုပ်ရတာလည်း လွယ်ကူတာကြောင့် မိမိအိမ်မှာ အလွယ်တကူလုပ်စားနိုင်တဲ့ အချိုပွဲလေးပါ။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၂ လုံး
  • ချောကလက်ရည် ၁၂၅ မီလီလီတာ
  • လှော်ထားသော မြေပဲ အနည်းငယ် (၁၂၅ ဂရမ်ခန့်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မြေပဲ တစ်ချို့တစ်ဝက်ကို ထောင်းထားပါ။ ငှက်ပျောသီးကို အလုံးလိုက် အခွံခွာပြီးနောက် ချောကလက်ရည်များကို ငှက်ပျောသီးပေါ်သို့ လောင်းချလိုက်ပါ။ (ချောကလက်ရည် အနည်းငယ် ချန်ထားပေးပါ)

၂။ ထို့နောက် မြေပဲများ ဖြူးလိုက်ပါ။

၃။ ရေခဲသေတ္တာ အအေးခန်းထဲမှာ နှစ်မိနစ်၊ သုံးမိနစ်ခန့် အအေးခံထားလိုက်ပါ။

၄။ ချောကလက်များ အတန်ငယ်မာသွားပြီဆိုပါက ရေခဲသေတ္တာထဲကထုတ်ပြီး အနေတော်အရွယ်အစားခန့် လှီးဖြတ်ထားပါ။

ရရှိလာတဲ့ ချောကလက် ငှက်ပျောသီးဆူရှီကို ချောကလက်ရည်များနဲ့ အရသာရှိရှိတို့စားနိုင်ပါပြီ။

Source: thepetitecook.com