ပါဝင်ပစ္စည်းများ
- ငှက်ပျောဖူး အတွင်းသား အနုပိုင်း
- ရှာလကာရည် (ဗက်နီကာ)
- ဆား
- ရှမ်းနံနံ
- ကြက်သွန်နီ
Source: Greatfood.ie
- ငရုပ်သီးစိမ်း
- ငံပြာရည်
- ပုဇွန်ခြောက်(သို့) ပုဇွန်စိမ်း ဆီပူထိုး
- သံပရာသီး
ပြုလုပ်နည်း
- ငှက်ပျောဖူး အတွင်းသား အနုပိုင်းကို ကြက်သွန်ခြစ်နှင့် ခြစ်၍ ရေဆေးပါ။
- ဆား၊ ဗက်နီကာနှင့် နယ်၍ လေလုံအောင် ထုပ်ပြီး တစ်ညသိပ် သိမ်းထားပါ။ သုပ်မည့်အခါ ရေသန့်နှင့် ဆေးပြီး ညှစ်ပြစ်ပါ။
- ရှမ်းနံနံပါးပါးလှီး၊ ကြက်သွန်နီပါးပါးလှီး၊ ငရုပ်သီးစိမ်း၊ ငံပြာရည်၊ ပုဇွန်ခြောက်(သို့) ပုဇွန်စိမ်း ဆီပူထိုး (ပုဇွန်မီးဖုတ်လေးနဲ့ ဆိုရင်တော့ ပြောဖွယ်ရာ မရှိပါ)
- တစ်ညသိပ် ငှက်ပျောဖူး အနုနှင့် ပါဝင်ပစ္စည်းများ အားလုံးကို ဆီချက်နှင့် ရောနယ်ပြီး အပေါ့အငံမြည်းရျ် စားသုံးနိုင်ပါသည်။
- သံပရာသီး တစ်စိတ်လောက် ညှစ်ထည့်က ပိုမွှေးပါသည်။
Credit: Ma Paung