ထမင်းစားပြီးတဲ့အချိန် အချိုတည်းလေ့ရှိသူများအတွက် မိမိအိမ်မှာ အလွယ်တကူလုပ်စားနိုင်မယ့် ငှက်ပျောကြော် အချိုပွဲ ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ဖီးဂျမ်း (သို့) သီးမွှေး ၆ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁၂ ဇွန်း

  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆားနှင့် သကြား စားပွဲတင်ဇွန်း ၈ ဇွန်းတို့ထည့်ကာ သမအောင် ရောမွှေထားပါ။

၂။ ငှက်ပျောသီးများကို အခွံခွာပြီး အနေတော်အတုံး တုံးကာ ခက်ရင်းဖြင့် ချေမွလိုက်ပါ။ ရရှိလာတဲ့ ငှက်ပျောသီးအနှစ်များကို ဂျုံမှုန့်အရောအနှောထဲ ထည့်ကာ သမအောင် ရောနယ်ပါ။

၃။ ထို့နောက် ကြက်ဥ၊ ဗနီလာနှင့် နွားနို့တို့ ထပ်ပေါင်းထည့်ကာ သမအောင် ထပ်မံရောမွှေပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ငှက်ပျောမုန့်နှစ် စားပွဲတင်ဇွန်း ၃ ဇွန်းစာခန့် ခပ်ထုတ်ပြီးနောက် ဆီပူထဲ ထည့်ကြော်လိုက်ပါ။

ရွှေညိုရောင်ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ ရွှေညိုရောင်ပြောင်းလာသည်အထိ ဆက်ကြော်ပေးလိုက်ပါ။

၅။ ရရှိလာတဲ့ ငှက်ပျောကြော်ကို ပန်းကန်ပြားထဲ ထည့်ပြီးနောက် သကြားလေး ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ငှက်ပျောကြော် အချိုပွဲလေး ရရှိသွားပါပြီ။

Source: Panlasangpinoy.com