မြန်မာအစားအစာများ၊ မြန်မာမုန့်များကို နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အုန်းနို့အရသာလေး စိမ့်ဝင်နေတဲ့ ငှက်ပျောသီး ကောက်ညှင်းထုပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန် ၁၇၅ ဂရမ်
  • အုန်းနို့ ၅၀၀ မီလီလီတာ
  • သကြား ၆၀ ဂရမ်
  • ငှက်ပျောသီး အသေး ၅ လုံး
  • သကြားအနည်းငယ်

  • ငှက်ပျောရွက် ၆ ရွက်
  • ဖက်ထုပ်စည်းရန် နှီး ၁၀ ချောင်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကောက်ညှင်းဆန်ကို ရေထဲတွင် တစ်ညခန့် (သို့) အနည်းဆုံး ၃ နာရီခန့် စိမ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး အုန်းနို့ ၂၅၀ မီလီလီတာ ထည့်ပါ။ ပွက်ပွက်ဆူလာတဲ့အခါမှာတော့ ကောက်ညှင်းဆန်များထည့်ကာ မီးအေးအေးဖြင့် တည်ထားပါ။ မကြာခဏမွှေပေးဖို့လည်း လိုပါတယ်။ အုန်းရည်က ပျစ်သွားတဲ့အခါမှာတော့ ကျန်ရှိတဲ့ အုန်းနို့ တစ်ဝက်ထည့်ပါ။ ဆားနှင့် သကြားတို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၃။ မိနစ် ၃၀ ခန့် တည်ထားပြီးတဲ့နောက်မှာတော့ အုန်းနို့အရသာလေး စိမ့်ဝင်နေတဲ့ ကောက်ညှင်းလေး ရရှိသွားပါပြီ။ အိုးထဲမှ ခပ်ထုတ်ကာ ၅ မိနစ်ခန့် အအေးခံထားလိုက်ပါ။

၄။ ငှက်ပျောရွက်ကို သန့်စင်သော ရေစိုဝတ်ဖြင့် သုတ်ထားလိုက်ပါ။ ထိုငှက်ပျောရွက်ပေါ်သို့ ကောက်ညှင်း စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ကောက်ညှင်းပေါ်သို့ ငှက်ပျောသီး တစ်လုံးကို အခွံခွာထည့်ပြီးနောက် ထိုငှက်ပျောသီးကို ကောက်ညှင်း စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် အုပ်ထားပေးလိုက်ပါ။

၅။ ငှက်ပျောရွက်ကို လုံအောင် ထုတ်ထားပြီးတဲ့နောက်မှာတော့ ဘေးတစ်ဖက် တစ်ချက်စီကို နှီးဖြင့် စီးထားလိုက်ပါ။

ထို့နောက် ပေါင်းအိုးထဲထည့်ကာ ၄၅ မိနစ်ခန့် ထည့်ပေါင်းလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ငှက်ပျောသီး ကောက်ညှင်းလေး ရရှိသွားပါပြီ။ အအေးခံကာ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: Asianfoodnetwork.com