အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အမောပြေသောက်လို့ရတဲ့ နို့ငှက်ပျောသီး ဖျော်ရည်ကို အိမ်မှာပဲ ဖျော်သောက်လို့ရအောင် မျှဝေပေးချင်ပါတယ်။
ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးဆိုတော့ စာဖတ်သူတို့ သဘောကျမယ်လို့ ယုံကြည်ပါတယ်။
ပါဝင်ပစ္စည်း
- ငှက်ပျောသီးမှည့် ၁ လုံး
- နို့ ခွက်တစ်ဝက် (ပုံမှန်)
- ရေ ခွက်တစ်ဝက်
- သကြားရည် စားပွဲတင်ဇွန်း ၁ ဇါန်း
- Vanilla အနည်းငယ်
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေအားလုံးကို ကျိတ်စက် (သို့) Blender ထဲရောထည့်လိုက်ပြီး ကျိတ်ပေးလိုက်ပါ။
အားလုံးညှက်သွားတဲ့အထိ ဖျော်ပေးပါ။
အဲဒီနောက် ခွက်တစ်လုံးထဲထည့်လိုက်ပြီး ရေခဲထည့်ကာ သုံးဆောင်နိုင်သလို ရေခဲသေတ္တာထဲမှာ အအေးခံပြီးလည်း သုံးဆောင်နိုင်ပါတယ်နော်။
ရေခဲတုံးကို တခါတည်း ထည့်ပြီးဖျော်ပေးလို့လည်းရပါတယ်။
Source: www.mykoreankitchen.com
By: MyFood Myanmar