ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ငှက်ပျောသီးကို အာဟာရပြည့်ဝပြီး အရသာရှိတဲ့ အချိုပွဲအနေနဲ့ သုံးဆောင်နိုင်ဖို့အတွက် ငှက်ပျောသီးပန်ကိတ် ပြုလုပ်နည်းကို ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီးမှည့် ၃ လုံး
  • ဂျုံမှုန့် ၁၂၀ ဂရမ်
  • စမုန်စပါး လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ထန်းလျက်အမှုန့် (သို့) သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရေ ၂၅၀ မီလီလီတာ ( ဖန်ခွက် ၄ ခွက်စာခန့်)

  • ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငှက်ပျောသီး ၃ လုံးကို အခွံခွာပြီးနောက် ဇလုံထဲထည့်ပါ။ ထို့နောက် အနှစ်များဖြစ်သွားအောင် ချေပေးလိုက်ပါ။

၂။ ထန်းလျက်အမှုန့် (သို့) သကြားထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၃။ ထို့နောက် ဂျုံမှုန့်နှင့် စမုန်စပါးတို့ထည့်ပါ။ ရေကို ဖန်ခွက် တစ်ခွက်ချင်းစီဖြင့် သုံးခွက်ထည့်ပါ။ (ပိုနေသော ရေတစ်ဖန်ခွက်ခန့်ကို လိုမှသာအသုံးပြုပါရန်)

ပြီးရင်တော့ အနှစ်ပျစ်ပျစ်လေးဖြစ်သွားအောင် မွှေပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီအစား ထောပတ်ကိုလည်း အသုံးပြုနိုင်ပါတယ်။

၅။ ဆီပူလာပါက မုန့်နှစ်အနည်းငယ်ယူကာ ဒယ်အိုးပေါ်တွင် အဝိုင်းပုံသဏ္ဍာန် ဖြန့်ကျက်ကာ ယောင်းမဖြင့် ဖိပေးလိုက်ပါ။

မီးအေးအေးဖြင့် ကြော်ပေးရပါမယ်။ ဆီအနည်းငယ်ကို ပန်ကိတ်ဘေးပတ်ပတ်လည်နှင့် ပန်ကိတ်ပေါ်တွင် ထည့်ပေးလိုက်ပါ။

၆။ ပန်ကိတ်အောက်ခြေက ရွှေရောင်ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ မီးအေးအေးဖြင့် ဆက်ကြော်ပေးလိုက်ပါ။

၇။ မုန့်နှစ်များအားလုံး ကုန်သွားသည်အထိ ကြော်ပေးလိုက်ပါ။ ရရှိလာတဲ့ ငှက်ပျောသီး ပန်ကိတ်များကို တစ်ခုနှင့်တစ်ခုထပ်ပေးလိုက်ပါ။ ပြီးရင်တော့ ပျားရည်လေး အနည်းငယ် ဆမ်းထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Vegrecipesofindia.com