(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဒိန်ချဉ်ကြိုက်နှစ်သက်သူများအတွက် ငှက်ပျောသီး ဒိန်ချဉ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
  • ငှက်ပျောသီးမှည့် ၄ လုံး
  • နွားနို့ ၂၀၀ မီလီလီတာ
  • ဒိန်ချဉ် ၁၀၀ မီလီလီတာ
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေခဲတုံး ၁၀၀ ဂရမ်နှင့် သစ်အယ်သီး ၃၀ ဂရမ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးကို အပူပေးပြီး သစ်အယ်သီးကို ၅ မိနစ်ခန့် လှော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ထဲထည့်ပြီး အအေးခံထားလိုက်ပါ။ အေးသွားပါက ဒလှိမ့်တုံးဖြင့် ချေပေးလိုက်ပါ။
၂။ ငှက်ပျောသီးကို အခွံခွာပြီး အတုံးငယ်များ တုံးထားလိုက်ပါ။ ထို့နောက် ရေခဲတုံး၊ နွားနို့၊ ဒိန်ချဉ်၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငှက်ပျောသီးများကို သစ်သီးဖျော်စက်ထဲထည့်ကာ ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။
၃။ ရရှိလာတဲ့ ငှက်ပျောသီး ဒိန်ချဉ်ကို ဖန်ခွက်ထဲထည့်ကာ သစ်အယ်သီးများ ဖြူးထည့်လိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ငှက်ပျောသီး ဒိန်ချဉ်လေး ရရှိသွားပါပြီ။
Source: Asianfoodchannel.com
(Zawgyi)
ပါဝင်ပစ္စည်းများ
  • နွားနို့ ၂၀၀ မီလီလီတာ
  • ဒိန်ချဉ် ၁၀၀ မီလီလီတာ