အားလုံးပဲ မင်္ဂလာပါ။ ပရိုတင်းဓာတ်ပြည့်ဝစွာပါဝင်တဲ့ ကြက်သားကို မိနစ် ၃၀ တည်းနဲ့ အရသာရှိရှိပြင်ဆင်ချက်ပြုတ်ချင်ပါသလား။

အခုဖော်ပြပေးမယ့် ကြက်သားစဉ်းကော ဖက်ထုပ်ပြုလုပ်နည်းလေးနဲ့ လုပ်စားကြည့်လိုက်ပါ။ ဒီကြက်သားစဉ်းကော ဖက်ထုပ်ပြုလုပ်နည်းက လွယ်ကူရိုးရှင်းတယ်ဆိုပေမယ့် အချဉ်ဖော်စပ်တဲ့နေရာမှာတော့ အချိုးအစားတည့်စွာ ဖော်စပ်ဖို့တော့ လိုပါမယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင်ခန့် (နုတ်နုတ်စဉ်းထားပါ)
  • ဆလပ်ရွက်အနည်းငယ်
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများ

  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • မိရောနိစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ငရုတ်သီးဆော့စ်၊ မိရောနိစ်၊ ပျားရည်နှင့် သံပုယိုရည်တို့ကို သမအောင်မွှေခလောက်လိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပြီးနောက် ကြက်သားများ ထည့်ကြော်ပေးလိုက်ပါ။

၃။ ကြက်သားများ ကျက်သွားပါက မီးအပူချိန်လျော့လိုက်ပါ။ ထို့နောက် ဖော်စပ်ထားသော ဆော့စ်များကို စားပွဲတင်ဇွန်း ၄ ဇွန်းစာခန့် လောင်းထည့်လိုက်ပါ။ မိနစ် အနည်းငယ်ကြာကြော်ပြီးနောက် မီးပိတ်လိုက်ပါ။

၄။ ဆလပ်ရွက်တစ်ရွက်ချင်းစီ၏ အလယ်ဗဟိုတည့်တည့်တွင် ကြက်သားစဉ်းကောများ ထည့်လိုက်ပါ။ ထို့နောက် ကျန်ရှိနေသော ဆော့စ်များကို ကြက်သားပေါ်တွင် ဆမ်းပေးလိုက်ပါ။ ကြက်သွန်မြိတ်များ ဖြူးထည့်လိုက်ပါ။

အားလုံးပြင်ဆင်ပြီးသွားတဲ့အခါမှာတော့ ကြက်သားစဉ်းကော ဖက်ထုပ်လေးကို အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: Kirbiecravings.com