စွပ်ပြုတ်နဲ့ ခေါက်ဆွဲပြုတ်များ ချက်ပြုတ်တဲ့အခါ အရသာထူးကဲကောင်းမွန်ခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ ကြက်ပြုတ်ရည်အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ရိုးရိုးရေ အသုံးပြုခြင်းထက် ကြက်ပြုတ်ရည်အသုံးပြုခြင်းက ဟင်းရည်ရဲ့အရသာကို ထပ်ခါတလဲလဲ သောက်ချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးနေတာပဲဖြစ်ပါတယ်။

ကြက်ပြုတ်ရည်ပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်း များများစားစား မလိုအပ်ပါဘူး။ ကြက်ကောင်လုံးရယ်၊ ဂျင်း၊ ကြက်သွန်မြိတ်နှင့် ရေတို့သာ လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တစ်ကောင် (၂၀၀၀ ဂရမ်ခန့်)
  • ဂျင်းတံး အတုံးသေး ၁ တုံး
  • ကြက်သွန်မြိတ် ၄ ပင်
  • ရေ ၂ လီတာခွဲ၊ ၃ လီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားကို ရေဆေး သန့်စင်ပြီးတဲ့နောက်မှာ ကြက်သားထဲသို့ ဂျင်းတစ်ဝက်နှင့် ကြက်သွန်မြိတ် တစ်ဝက်တို့ ထည့်လိုက်ပါ။

၂။ ထို့နောက် အိုးအကြီးတစ်လုံးထဲသို့ ကြက်ကောင်လုံး ထည့်ထားလိုက်ပါ။ ထို့နောက် ကျန်ရှိနေသာ ကြက်သွန်မြိတ်နှင့် ဂျင်းတို့ထည့်ပါ။ ရေထည့်ပြီးနောက် မီးပြင်းပြင်းဖြင့် ခေတ္တခဏ တည်ထားလိုက်ပါ။

၃။ မိနစ်အနည်းငယ် ကြာတဲ့အခါ အိုးအဖုံးကို အုပ်လိုက်ပြီး မီးအပူချိန်ကို အလယ်အလတ်အပူချိန်သို့လျော့ကာ ၄ နာရီကြာအောင် ပြုတ်ထားလိုက်ပါ။

၄။ (၄) နာရီပြည့်တဲ့အခါမှာတော့ ပါဝင်ပစ္စည်းများအားလုံးကို ဆယ်ယူလိုက်ပါ။ အိုးထဲတွင် ကြက်ပြုတ်ရည်ပဲ ထားခဲ့လိုက်ပါ။

၅။ ထို့နောက် ကြက်ပြုတ်ရည်ကို ဆန်ခါဖြင့် စစ်ချပြီးနောက် အပူခံဘူးတစ်လုံးထဲထည့်ကာ ရေခဲသေတ္တာထဲတွင် ထည့်သိမ်းထားနိုင်ပါတယ်။

ဒါဆိုရင်တော့ မိမိလိုတဲ့အခါမှာ အလျင်းသင့်သလို အသုံးပြုနိုင်တဲ့ ကြက်ပြုတ်ရည်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com