မနက်စာကို အာဟာရပြည့်ပြည့်ဝဝနဲ့ အရသာရှိရှိစားသုံးချင်သူများအတွက် မနက်ခင်းလေးမှာ အလွယ်တကူ လုပ်စားနိုင်တဲ့ ကြက်ဥပေါင်မုန့်မီးကင် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၄ လုံး
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • နွားနို့ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ပေါင်မုန့် ၈ ချပ်၊ ၁၀ ချပ်ခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥ ၄ လုံးကို ပန်းကန်လုံးအကြီးထဲ ဖောက်ထည့်ပြီးနောက် အမြှုပ်များထွက်လာအောင် မွှေခလောက်ပေးလိုက်ပါ။ ထို့နောက် သကြား၊ ဆားနှင့် နွားနို့တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၂။ ဒယ်အိုးကို ထောပတ် (သို့) ဆီ သုတ်လိမ်းထားလိုက်ပါ။

၃။ ထို့နောက် ပေါင်မုန့်ချပ်များကို ကြက်ဥ နွားနို့ အရောအနှောထဲသို့ ထည့်နှစ်ပေးလိုက်ပါ။ ပေါင်မုန့်သားထဲသို့ ကြက်ဥအရည်များ စိမ့်ဝင်သွားဖို့ရန်အတွက် စက္ကန့်အနည်းငယ်ကြာအောင် နှစ်ပေးဖို့လိုပါတယ်။ ပြီးမှ အခြားတစ်ဖက်သို့လှန်ကာ စက္ကန့်အနည်းငယ်ကြာ ထပ်စောင့်ပါ။

၄။ ကြက်ဥ နှစ်ပြီးသား ပေါင်မုန့်ချပ်များကို ဒယ်အိုးထဲထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ မီးအပူပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှန်ကာ အညိုရောင် သမ်းလာသည်အထိ အပူပေးလိုက်ပါ။

၅။ မီးကင်ပြီးသွားတဲ့ ပေါင်မုန့်များကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်ပြီးနောက် ပျားရည်အနည်းငယ်ဆမ်းကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

သစ်သီးအနည်းငယ် ထည့်ပြီးလည်း လှလှပပဖြစ်သွားအောင် အလှဆင်နိုင်ပါသေးတယ်။

Source: Thespruceeats.com